PART 15(Z+U)

1.9K 165 14
                                    

Zawgyi

"ကိုယ့်ကိုယ်ကိုယ်မချစ်တတ်သူက
ဂရုစိုက်စကားတွေကို မယုံကြည်ပေ"


"ဘော့စ် ဖိုင်တွေကို ဒီမှာပဲတင်ထားလိုက်မယ်နော်"

လက်တစ်ပွေ့စာလောက်များသော ဖိုင်တွဲတွေကို ရုံးခန်း၏ဘေးဘက်ရှိစားပွဲတွင် တင်လိုက်ရင်းဆိုလာသည့် စံစံကို ရှန်းကခေါင်းညိတ်ပြသည်။
ယခုအချိန်အထိ အလုပ်အရှိန်တက်နေသောရှန်းက စံစံကိုပင်ကြည့်မနေဘဲ သူစီစစ်နေသည့်အကြောင်းအရာတွင်သာ စိတ်အလုံးစုံကိုနှစ်ထားသည်။

ရှန်းက စားပွဲတွင်ကျကျနနထိုင်နေပြီး လပ်တော့ကီးဘုတ်ပေါ်တွင် သူ၏ဖြူ သွယ်သွယ်လက်ချောင်းလေးများက တတောက်တောက်နှင့် ပြေးလွှားနေကာ စခရင်ပေါ်တွင်စူးစိုက်နေသော မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်း တည်ငြိမ်လို့နေ၏။

"ဘော့စ် ကျွန်မကူပေးမယ်လေ"

"ရပါတယ် မများပါဘူး"

ရှန်း၏ ထက်မြက်မှုနှင့်အလုပ်လုပ်နိုင်စွမ်းကို သိသော်လည်း သူ့သူဌေး အလုပ်တွေပိနေမှာစိုးသောကြောင့် စံစံက ရှန်းကိုပြောလာ၏။

"လိုအပ်ရင် ကျွန်မကိုခိုင်းပါ"

"ကောင်းပါပြီ... အခုအလုပ်ဆင်းချိန်တောင်ကျော်နေပြီလေ စံစံပြန်ရင်ပြန်လို့ရပါပြီ"

ရှန်းက လက်ကောက်ဝတ်ကနာရီကို ကြည့်လိုက်ပြီး စံစံကိုပြောလိုက်သည်။

ရှန်းက အေးဆေးစွာပဲပြောလာတာကြောင့် စံစံလည်း ကြည်ဖြူ စွာခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့... နောင်တစ်ပတ် အချိန်ဇယားကို ပို့ထားလိုက်ပြီ... ဟိုတယ်ခွဲက မန်နေဂျာတွေပေးပို့လာတဲ့အချက်အလက်တွေကိုစစ်ပြီးသွားပေမယ့် ဘော့စ်ဆုံးဖြတ်ပေးရမယ့်အပိုင်းတွေရှိနေလို့ ထားပေးခဲ့တယ် ... ဘရန်းနဲ့ပတ်သက်တဲ့ ကမ်းလှမ်းမှုတွေလည်း တိုးလာတယ်... အဒါတွေက ဒီအောက်ကဖိုင်ပါ"

"အင်း ကြည့်လိုက်မယ်"

"ပိတ်ရက်လည်း လိုအပ်တာရှိရင်လှမ်းပြောပါ...ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော် ဒါဆိုခွင့်ပြုပါဦး"

"My Only One" ✔️Where stories live. Discover now