PART 29(Z+U)

1.5K 152 10
                                    

Zawgyi

"အနမ်းကိုချေးလို့ချေး၊ ငှါးလို့ငှါးနဲ့
ရဲတင်းတဲ့လူလည်လေးကြောင့်
အမျိုးမျိုးကို ကတုန်ကယင်တွေဖြစ်ရပါပေါ့"


သည်နေ့ ဆိုင်ခန်းဆီလာရတာ ရှန်းအတွက် စိတ်ချမ်းသာမှုလေးရသွားသည်ပင်။

ထို့နောက် စံစံနှင့်ရုံးကို ပြန်လာပြီး စောင့်ကြိုနေမြဲစောင့်ကြိုနေသော လုပ်ငန်းဆောင်တာများကို လက်နဲ့မပြတ်၊ ဦးနှောက်အနားမပေးစတမ်း ပြန်လုပ်ဆောင်ခဲ့လေ၏။

ညနေဘက် ရုံးဆင်းချိန်ကျော်သွားသည့်အထိတောင် ရှန်းနှင့်စံစံမှာ အလုပ်မဆင်းဖြစ်ကြသေး။

ကွန်ဒိုအသစ်အတွက် မကြာခင်ရက်ပိုင်းအတွင်း ရှယ်ယာရှင်တွေနဲ့တွေ့ပြီး ဆွေးနွေးကြဖို့ရှိတာကြောင့် တင်ပြမည့်အချက်များကို ဟာကွက်မရှိရလေအောင် ပြန်စစ်နေကြခြင်းဖြစ်သည်။

ပထမတစ်ကြိမ် အစည်းအဝေးတုန်းက အငြင်းပွားဖွယ်ရာအချက်တွေအပြင်၊ မေးခွန်းပေါင်းမြောက်မြားစွားကလည်း ထွက်ပေါ်လာခဲ့တာမို့ ယခုတစ်ကြိမ်တင်ပြရာတွင် အကောင်းဆုံးတင်ပြနိုင်ရန် အရေးကြီးလေသည်။

ထိပ်သီးလုပ်ငန်းရှင်များအပြင် အခုမှလက်တွဲလာသည့် ရှယ်ယာဝင်အသစ်များပါ ပါဝင်မည့်အစည်းအဝေးမို့ သူတို့တစ်ခုတောင်လွဲလို့မဖြစ်။ ရလဒ်အကြီးကြီးကိုမျှော်မှန်းထားတာကြောင့် လုပ်ငန်းအသေးစိတ်ကအစ အစည်းအဝေးအချိန်အထိ မလွဲရန်ဂရုစိုက်နေရမည်သာ။

့်ရှန်းက လုပ်ငန်းတွေကို တစ်ခုပြီးတစ်ခုဦးဆောင်သွားသလို အတွင်းရေးမှူးဖြစ်သည့် စံစံကလည်း အားကိုးရပြီး အနောက်ကနေ မီအောင်စီမံခန့်ခွဲနိုင်သည်အထိတော်သူမို့ သူတို့လုပ်ငန်းတွေမှာ အလုပ်ကိုတွင်နေတော့၏။

"အပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ် စံစံ... ခုနစ်တောင်ခွဲနေပြီ... အဲ့တစ်ခုပြီးရင် ပြန်ကြမယ်"

ဘေးစားပွဲတွင်ထိုင်ပြီး တင်ပြမည့်အချက်တွေကိုစစ်နေသည့်စံစံကို ရှန်းကလှမ်းပြောတော့ သူမက အားတက်သရောဖြင့်

"My Only One" ✔️Onde as histórias ganham vida. Descobre agora