PART 73(Z+U)

1.4K 115 15
                                    

Zawgyi

"နှစ်ကြိမ်ကသော ငြင်းန်မှုက
င်ပွန်းည်ကို စိတ်သောကရောက်စေတယ်"
***

"ဒီနေ့လည်း ကြည်မနေပါလား ဆရာသမားလေး"

ရောက်တယ်ဆို ကောင်တာပေါ် ကားသော့ကို ပစ်စလတ်ခတ် ပစ်တင်လိုက်ပြီး ခုံမှာခြေကုန်လက်ပန်းကျနေသလို ဝင်ထိုင်လိုက်သည့်အဏ္ဏဝါကြောင့် ကြည်လင်းသန့်က ဆီးကြိုပြီးပြောလိုက်ခြင်းဖြစ်ပေမယ့် အဏ္ဏဝါက မျက်ရိုးကိုနှိပ်ထားပြီးတော်တော်ကြာတော့မှ စိတ်မရှည်သလိုနှင့်ပြန်ပြော၏။

"စကားမများဘဲ ဖျော်ရည်တစ်ခုခုသာ ပေးစမ်းပါ"

အဏ္ဏဝါရဲ့အသံနဲ့မျက်နှာထားက အနည်းငယ်ရှုံ့မဲ့ပြီး စိတ်မကြည်ပုံပေါ်နေလေတော့ ကြည်လင်းသန့်က လက်ထောက်ပြီး သေသေချာချာစိုက်ကြည့်လိုက်ကာ
"အခုတလော အရမ်းစိတ်ဖိစီးနေပုံပဲ... အဆင်မပြေတာက အလုပ်လား... အိမ်ထောင်ရေးလား"

ဒီမေးခွန်းကိုတော့ အဏ္ဏဝါက မဖြေလာ။ မရှင်းထုတ်နိုင်သည့်အတွေးတွေကသာ လွှမ်းမိုးထားသလိုမျိုး နားထင်ကို လက်ထောက်ထားရင်း မျက်လုံးကိုမှိတ်ထား၏။

ကြည်လင်းသန့်က အဖျော်သမားလေးတစ်ယောက်ကို သောက်စရာပြင်ခိုင်းလိုက်ပြီးနောက်တော့ အဏ္ဏဝါအနားကပ်ကာ မြောက်ကြွကြွနိုင်သည့်အသံဖြင့်
"အင်း... တစ်ကိုယ်တည်း၊ လူပျိုကြီးလုပ်ပြီး လွတ်လွတ်လပ်လပ်ရှိသူတွေကတော့ စိတ်ချမ်းသာလို့၊ နုပျိုလို့၊ လန်းဆန်းလို့... ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်သလဲ... တချို့တွေများ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်ဖြစ်သွားပြီး ခဏလေးနဲ့အိုစာလာတာများနော်"

လက်ပိုက်ထားရင်း မေးစေ့ကိုပါ ဖွဖွပွတ်ကာ ခနဲ့သယောင်၊ ရွဲ့သယောင် ချဉ်ပြုံးပြုံးနဲ့စလေတော့ အဏ္ဏဝါက မျက်လုံးဖွင့်ကြည့်ပြီး ပါးစပ်လှုပ်ရုံတစ်ချက်ဆဲလိုက်လေသည်။

"ဟဲလို... ငါ့ကောင်ကြီးတို့... သြော် မျောက်အိုကြီးလည်းရောက်နေတာပဲ"

"My Only One" ✔️Where stories live. Discover now