PART 9(Z+U)

2.1K 173 7
                                    

Zawgyi

"ပဟေဠိဆန်သည့်နှင်းဆီပွင့်လေးအနားသို့
စတင်ချဉ်းကပ်ခြင်း"

သူ့ကိုဂရုမစိုက်ဘဲ ထွက်သွားဖို့လုပ်သူကို လက်ကောက်ဝတ်ကနေ မင်းအဏ္ဏဝါက လှမ်းဆွဲထားလိုက်ပြီး စိတ်မကောင်းသလို မျက်နှာလေးမဲ့ကာ ထပ်မေး၏။

"မေးနေတယ်လေဗျာ..."

မျက်မှောင်ကျုံ့ကာ ကြည့်နေသူက သူ့ကိုဆို နည်းနည်းမှမကြည်ဖြူသလို။

"မင်းစိတ်မှ မှန်ရဲ့လား"

"ဒီနှုတ်ခမ်းပါးလေးတွေကိုတွေ့ရင် ကုမရတော့တဲ့ရောဂါရှိနေသလိုမျိုး သွေးခုန်နှုန်းတွေကအစ ဖောက်ပြန်လာတာ"

တကယ်ငိုတော့မလို မျက်နှာနဲ့ပြောနေပြီး မျက်ဝန်းတွေကို ဆုံအောင်ကြည့်နေသည်က လိုက်လျောချင်မိလာအောင် ညှို့ငင်နေသလို ရီဝေနေ၏။

မော့ကြည့်နေသူကို ခါးလေးကနေအသာဆွဲကပ်လိုက်ပြီး နီးကပ်သွားသည့်မျက်နှာလေးနား မင်းအဏ္ဏဝါက ငုံ့မိုးတိုးကပ်သွား၏။

ဒီလိုအနီးဆုံးအထိရောက်ပြီးမှတော့ ပါးလှပ်သည့်နှုတ်ခမ်းလေးတွေကို လွှတ်မပေးနိုင်တော့။
မင်းအဏ္ဏဝါက မျက်လုံးတွေကိုမှေးစင်းလိုက်ပြီး ရှန်း၏နှုတ်ခမ်းလွှာတွေပေါ် ဖိကပ်နမ်းရှိုက်လိုက်သည်က ညင်ညင်သာသာ နူးနူးညံ့ညံ့။

အပေါ်အောက်တစ်လှည့်စီ အကြိမ်ကြိမ်နမ်းရှိုက်နေမိသည်မှာ ဖယ်ခွာမပေးချင်လောက်သည်အထိ။
နူးညံ့ပြီး အေးစက်သည့်နှုတ်ခမ်းပါးလေး၏ဆွဲငင်ဖမ်းစားနိုင်မှုက ရုန်းလေငြိတွယ်လေ၊ ထိတွေ့လေလေ ပိုပြီးရူးသွပ်စေလေလေပင်။ ပြီးတော့ ဘာတုံ့ပြန်မှုမှရှိမနေတာကလည်း ပိုပြီးယစ်မူးစေသလိုရှိ၏။

မင်သက်နေမိသူက စိတ်ကြိုက်ခြယ်လှယ်မှုတွေကြောင့် အလန့်တကြား တွန်းထုတ်လာ၏။
သို့သော် ထိန်းပွေ့ထားမှုကသန်မာလှသည်မို့ ရုန်းလေပိုပြီးတင်းတင်းကြပ်ကြပ်ပွေ့ဖက်ခံရလေလေ၊ ခေါင်းယိမ်းလေလေ မဖယ်ခွာစတမ်းလိုက်ပါလာလေလေနှင့် အနောက်ကိုအတော်ယိုင်နေလေပြီ။

"My Only One" ✔️Where stories live. Discover now