PART 46(Z+U)

1.5K 119 9
                                    

Zawgyi

"မီးတောက်လေးကို
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ငြိမ်းသတ်မယ်"


မနက်ပိုင်း ဦးအောင်မြင်နဲ့တွေ့ပြီးတယ်ဆို ရုံးကိုပြန်ပြီး လုပ်စရာရှိသည့်ကိစ္စတွေကို စံစံကိုညွှန်ကြားခဲ့သလို အရေးကြီးသည့်လုပ်ငန်းကိစ္စတွေကိုလည်း သိပ်အဆင်ပြေမနေသည့်စိတ်၊ နွမ်းနယ်နေသည့်ခန္ဓာကိုယ်နဲ့အားတင်းလုပ်ကိုင်ခဲ့ပြီးနောက်တော့ ရှန်းမှာ အိမ်ရောက်အောင်တောင်မနည်းပြန်လာခဲ့ရပါတော့၏။

ဟိုမှာကျန်ခဲ့သည့်လူတွေ ဘယ်လိုနေလဲ၊ အထူးသဖြင့်မင်းအဏ္ဏဝါ အဆင်ပြေမပြေတောင် သူမမေးဖြစ်တော့။

ဆိုဖာထောင့်လေးမှာနွမ်းလျလျမှီထိုင်ရင်း လိုက်ကာဟထားသည့်မှန်နံရံကနေတလိမ့်လိမ့် ကျဆင်းသွားသည့်မိုးရေတွေကို ရှန်းက ကျောက်ရုပ်တစ်ရုပ်လို မင်သေသေငေးနေ၏။ ပြီးတော့ တောင်စဉ်ရေမရအတွေးတွေကလည်း တစ်ခုပြီးတစ်ခုပင်။

အမှောင်ထုထဲ တိတ်ဆိတ်နေမိလေလေ၊ ဒီနေ့ကြားခဲ့ရသည့် သူ့ကိုနာနာကြည်းကြည်းပြောဆိုမှုတွေကိုသာ နားထဲအထပ်ထပ်ကြားယောင်ရင်း ကြားယောင်နေမိလေလေပင်။

ထိုစဉ် ထီးတစ်လက်နှင့်အရပ်ရှည်ရှည်လူတစ်ယောက်က ဟိုးခြံအရှေ့ကနေ အိမ်ဘက်ကိုလာနေတာကို ဝိုးတဝါးလှမ်းမြင်ရလေသည်။

အိမ်ထဲမီးမဖွင့်ထားတာကြောင့် မှန်နံရံဘေးကသူ့ကိုမတွေ့ဘဲ ဘေးကနေဖြတ်လျှောက်သွားပြီး မှောင်ကျနေသည့်အိမ်ကိုတစ်ချက်မော့ကြည့်ရင်း ထိုသူက မျက်မှောင်ကျုံ့လိုက်သေးသည်။

ထို့နောက်လျို့ဝှက်နံပါတ်သိထားတာကြောင့် အိမ်ထဲအဆင်ပြေပြေပဲဝင်လာနိုင်သူက မီးကိုလည်းဖွင့်လိုက်၏။

လင်းထိန်လာသည့်အချိန် နံရံဘေးဆိုဖာကနေ မလှုပ်မယှက်လှမ်းကြည့်နေသည့်ရှန်းကိုတွေ့တော့ အမြန်ပဲလျှောက်လာပြီး ပွေ့ဖက်လိုက်လေ၏။

ဘာတုံ့ပြန်မှုမှမရှိဘဲ ငြိမ်သက်နေသူကြောင့် မင်းအဏ္ဏဝါကသတိထားကြည့်လိုက်မိပြီး ဆွဲယူလိုက်လျှင်ကိုအလိုက်သင့်ပါလာသည့်လက်ဖဝါးလေးနှစ်ဖက်ကို ဖွဖွဆုပ်ကိုင်ထားလိုက်ကာ

"My Only One" ✔️Where stories live. Discover now