PART 5(Z+U)

2.4K 184 8
                                    

Zawgyi

"ဒေါသအိုးလေးအပေါ် သိလိုစိတ်၊ ထိလိုစိတ်တွေ
ပေါက်ဖွားလာခြင်း"

"Amara Gold"ဟိုတယ်တွင် ည၈နာရီ၌ကျင်းပနေသည်က "လုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲ"။

စီးပွားရေးနယ်ပယ်မှ ထိပ်သီးပုဂ္ဂိုလ်များ လာရောက်ကြပြီး နိုင်ငံခြားလုပ်ငန်းရှင်များပါ တက်ရောက်ကြ၏။ ဤနေ့တွင်တော့ ဟိုတယ်အနှံ့ အထက်တန်းကျကျပြင်ဆင်ထားသည့် လူချမ်းသာများနှင့် ပြည့်နေပြီး ဟိုတယ်ရှေ့ကားအဝင်အထွက်ကလည်း များနေ၏။

ပွဲအစပိုင်း၌ နိုင်ငံတွင်း စီးပွားလုပ်ငန်းများအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတိုးချဲ့ခြင်း၊ ဘဏ္ဍာရေးအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အစိုးရပိုင်းနှင့်ဆက်စပ်သည့်လုပ်ငန်းများ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုပြီးသည့်နောက် တွေ့ဆုံပွဲဆိုသည့်အတိုင်း အသောက်အစားပိုင်းကိုရောက်လာ၏။

စီးပွားရေးလုပ်ငန်းနယ်ပယ်အစုံက သူဌေးများဆုံကြသည်မို့ လုပ်ငန်းတွေတွဲဖက်ညှိကြသူများရှိသလို အနှောင့်မလွတ် ရန်စရှိခဲ့သူများလည်း လာဆုံကြသည်မို့ ဤပွဲက သတိထားမှ၊ ထိန်းနိုင်မှ တော်ကာကျမည့်ပွဲ။
သည့်အပြင် ဆုံတုန်းဆုံခိုက် ကမ်းပေ့လုပ်နေကြသည့် ရယ်ရယ်မြူးမြူးနှင့် အဖွဲ့ကျနေသူများကလည်း ရှိနေတော့၏။

နောက်ပိုင်းအစီအစဉ်က အသောက်အစားသာဖြစ်သည်မို့ ပွဲအပြီးအထိမနေဘဲ ထွက်လာကြသူများကလည်း အပြင်ဘက်တွင် အများအပြား။

ဤအချိန်မှာပဲ မင်းအဏ္ဏဝါကလည်း "Amara Gold"ဟိုတယ်သို့ ရောက်လာပါ၏။

အီတလီက လုပ်ငန်းရှင်တစ်ယောက်နှင့် အလုပ်ကိစ္စဆွေးနွေးစရာရှိ၍ ရောက်လာခဲ့ခြင်း။ ထိုပုဂ္ဂိုလ်က တွေ့ဆုံရန် ခဲယဉ်းပြီးသူနှင့် အလုပ်အတူလုပ်ခွင့်ရသည်ကလည်း တကယ်ကိုအခွင့်ထူးပင်ဖြစ်တာမို့ မင်းအဏ္ဏဝါလို စီးပွားရေးသမားပေါက်စလေးက လက်လွှတ်မခံ။

"My Only One" ✔️Where stories live. Discover now