PART 25(Z+U)

1.9K 148 17
                                    

Zawgyi

"ပုံပြင်လေးတစ်ပုဒ် နားထောင်ချင်လား"


စားသောက်သိမ်းဆည်းပြီးလို့ ထမင်းစားပွဲမှာ နွားနို့တစ်ယောက်တစ်ခွက်နှင့် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေသည့် လူနှစ်ယောက်ကတော့ အတွေးကိုယ်စီဖြင့် ငြိမ်သက်လျက်ရှိ၏။

မင်းအဏ္ဏဝါက စားပွဲပေါ်လက်ထောက်ထားပြီး ဖန်ခွက်နှုတ်ခမ်းအနားကိုလက်အဖျားများဖြင့်သာကိုင်ထားကာ နွားနို့ကိုမော့နေရင်းက သူ့အရှေ့ရှိ လူသားလေးကိုငေးနေ၏။

အပြားကြီးကြီးစတီးလက်စွပ်တစ်ကွင်းက သွေးကြောများယှက်ဖြာပြီးဆင်းလာရာ လက်ညှိုးအရင်းတွင် နေရာယူထားပြီး စတီးဆွဲကြိုးကိုလည်ပင်းတွင် ခပ်လျော့လျော့ဆွဲထားသည့် မင်းအဏ္ဏဝါမှာ လူငယ်ဆန်နေသလို ခန့်ညားကြည့်ကောင်းမှုတို့ကလည်း ရာနှုန်းပြည့်။

အမွှေးအမျှင်တို့နည်းပါးပြီး ဝင်းမွှတ်သည့်လက်ဖျံတစ်လျှောက်တွင်တော့ အကြောစိမ်းများက ကြွထင်းနေသည်မှာ သန်မာမှု၏ပြယုဂ်။

ဝတ်ထားသော ရင်ဘက်တွင်"Ann"ဟု တံဆိပ်ခပ်သေးသေးလေးပါသည့် နက်ပြာရောင်ဘလောက်စ်က အသားအရည်ဝင်းဝင်းနဲ့ လိုက်ဖက်လို့နေပြီး ပခုံး၊လက်ပြင်ကျယ်ကြီးတွေက မင်းအဏ္ဏဝါကို ပို၍ခန့်ထည်နေစေရန် ပံ့ပိုးပေးနေကြပြန်ပါသည်။

နွားနို့သောက်လေ့မရှိသည့် ရှန်းကတော့ တစ်စုံတစ်ယောက်၏ ပူညံပူညံပြောဆိုမှုတို့ကြောင့် ကော်ဖီကိုခပ်နေရင်းကနေ ယခုတော့ လက်ထဲတွင် နွားနို့ပူပူတစ်ခွက်က နေရာယူထားချေပြီ။

နွားနို့ကို ခေါင်းငုံ့ကာ မှုတ်နေရင်း ရှန်းကတစ်စုံတစ်ခုကိုသတိရသွားဟန်နှင့် မင်းအဏ္ဏဝါကို မော့ကြည့်လာပြီး တရားခံစစ်သလိုမေးလာ၏။

"ငါ့အိမ်ထဲ မင်းဘယ်လိုဝင်လာတာလဲဆိုတာ ငါမမေးရသေးဘူး... ဘယ်လိုလုပ်ပြီး လျို့ဝှက်နံပါတ် သိနေတာလဲ"

မင်းအဏ္ဏဝါက တစ်ချက်ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပဲဖြေလာသည်။

"My Only One" ✔️Where stories live. Discover now