PART 18(Z+U)

1.8K 155 9
                                    

Zawgyi

"အမျိုးသားတစ်ယောက်ဆီမှာ
သူ့နှလုံးသားဟာ ဒီလောက်တိမ်းညွတ်သွားမယ်လို့
လုံးဝမမျှော်လင့်ထားခဲ့ဖူးချေ။"

မင်းအဏ္ဏဝါက ရှန်းနိုးလာလျှင်တိုက်ဖို့ ဆန်ပြုတ်နှင့်နွားနို့ကိုကျိုပြီးသွားလေပြီ။

အစာအိမ်ယောင်သည်ဟုပြောခဲ့သည်မို့ အဆင်ပြေစေမည့်ဆန်ပြုတ်ကိုသာ ပြင်ထားပေးလေသည်။ ဒါပေမယ့် ရှန်းဘယ်အချိန်နိုးမလဲမသိသောကြောင့် အေးသွားမှာစိုး၍မထည့်ထားသေးဘဲ လင်ပန်းခပ်သေးသေးတစ်ချပ်ပေါ်တွင် ပန်းကန်လုံး၊ ဇွန်းလေးနှင့် ရေဖန်ခွက်တို့ကိုသာ အဆင်သင့်ချထားခဲ့ပြီး အပေါ်ထပ်ကိုတက်သွား၏။

မီးအိမ်ရဲ့အလင်းမှိန်မှိန်လေးသာ လင်းနေသည့်အိပ်ခန်းထဲ၌ကား ငြိမ်သက်တိတ်ဆိတ်လျက်ရှိ၏။

မင်းအဏ္ဏဝါက ရှန်းရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး လက်ချောင်းလေးများကို ဖွဖွလေးဆုပ်ကိုင်လိုက်၏။

နဖူးပြင်ပေါ် ဝေ့ဝဲဖွာကျနေသော ဆံစပျော့ပျော့လေးတို့ကိုသပ်တင်ပေးနေသည်မှာလည်း တယုတယ ညင်ညင်သာသာ။

ညပေါင်းမနည်း အိပ်ရေးပျက်ထားခဲ့သည့်ရှန်းမှာ ယခု(၁၀)နာရီကျော်နေပြီဖြစ်တာတောင် မနိုးလာသေးဘဲ ငြိမ်ငြိမ်လေးအိပ်မောကျနေဆဲ။

မင်းအဏ္ဏဝါက ရှန်း၏လက်ချောင်းလေးတွေကို ဖွဖွဆုပ်ကိုင်ထားရင်း သူ၏အတွေးတွေဟာ ပျံ့လွင့်နေလေ၏။

သူ့အတွက် ဒီလိုအခြေအနေတွေဟာ လုံးဝမမျှော်လင့်ထားတာ၊ ထင်မှတ်ထားခဲ့တာတွေပင်။
ဒေါသမာနကြီးသည့်လူတစ်ယောက်ကို သူစိတ်ဝင်စားသွားမိခဲ့သည်။
မသိရဘဲမနေနိုင်လွန်းတော့လို့ လျို့လျို့ဝှက်ဝှက်စုံစမ်းခိုင်းခဲ့မိသည်အထိ။
သည့်အပြင် မလိုမကျဘဲတွန်းလွှတ်ခံနေရတာတောင် မရမကအနားကပ်နေမိသည်။

သူ့ဘဝအတွက် ပထမဆုံးအနေနဲ့ ယောက်ျားတစ်ယောက်ကို ချစ်မိသွားရခြင်း။
ဟုတ်သည်... တကယ်ကို ချစ်မိသွားရခြင်းပင်....။

"My Only One" ✔️Where stories live. Discover now