PART 40(Z+U)

1.5K 117 16
                                    

.📵.
{ This part contains mature sence.
So, please decide to read.}


Zawgyi

"သိမ်မွေ့သည့်ရင်ခုန်သံများ ပေါင်းစပ်ယှက်နွှယ်ခြင်း"


သူရိန်ထူးက Codeကို ရွှဲစိုနေပြီဖြစ်သည့်သူ့လက်တွေနဲ့ ရင်ခွင်ထဲခပ်တင်းတင်းထည့်ဖက်ထားလိုက်ရင်း နားထင်ကိုတစ်ချက်နမ်းလိုက်ပြီးမှ

"ဒါဆို နောက်ခန်းပိုကျယ်တဲ့ ကိုယ့်ကားဆီသွားကြမလား"

ထိုအမေးကို Codeမှာဖြေချိန်မရလိုက်။
ဆတ်ကနဲကောက်ပွေ့ခံလိုက်ရတာကြောင့် လည်ပင်းကိုသာ မြဲအောင်အလန့်တကြားလှမ်းဖက်ထားလိုက်ရပြီး ပွေ့ချီသွားရာနောက် ပါသွားရတော့သည်။
မိုးစက်တွေကပြင်းလွန်းတာကြောင့် မျက်နှာကိုလည်း ရင်ဘက်ကျယ်ဘက်လှည့်ကာ ကွယ်ထားမိသေးသည်။

သူရိန်ထူးက သူ့ကားဆီအမြန်လှမ်းသွားပြီး နောက်ခန်းတံခါးကိုဖွင့်ကာ အသာချပေးလိုက်၏။
လှည့်သွားဖို့အလုပ်မှာပဲ သူ့အင်္ကျီကို ဆတ်ကနဲလှမ်းဆွဲတာကိုခံလိုက်ရတာကြောင့် အရှိန်နဲ့ယိုင်ကျသွားပြီး Codeကို အုပ်မိုးထားလျက်သားလဲကျသွားတော့၏။

သူ့ကိုအချိန်ဆွဲခွင့်မပေးတော့တာကိုသိတာမို့ သူရိန်ထူးက အကြည့်လွှဲနေသူရဲ့မျက်နှာလေးကိုငုံ့ကြည့်ရင်း ပြုံးလိုက်မိပြီး တံခါးကိုဒုန်းကနဲဆွဲပိတ်လိုက်တော့သည်။

အနမ်းကိုပြင်းပြင်းရှရှပေးအပ်လိုက်သည်နှင့်တစ်ပြိုင်နက် အောက်ကလူဆီက မပီမသ ညည်းညူ သံလေးတွေထွက်လာခဲ့ပြီး သူရိန်ထူး၏ကော်လာမှာလည်း မလွှတ်တမ်းဆွဲဆုပ်ခြင်းခံထားရတော့၏။

သူရိန်ထူးမှာ နှုတ်ခမ်းတွေကိုဂရုတစိုက်လှုပ်ရှားနေသလို လက်တွေကိုလည်းအဆက်မပြတ်အလုပ်ပေးနေ၏။
ကျောပြင်အောက်ကိုလက်တစ်ဖက်နဲ့ သိမ်းပွေ့ထားသလို တစ်ဖက်ကလည်း Code၏နီတွတ်နေသည့်လည်တိုင်၊ ရင်ဘက်တွေ၊ ဝမ်းဗိုက်ရှိကြွက်သားကျစ်ကျစ်လစ်လစ်တွေနဲ့ ခါးဘေးတစ်လျှောက် စုန်ချည်ဆန်ချည် ပွတ်သက်ရွေ့လျားလို့နေ၏။

"My Only One" ✔️Où les histoires vivent. Découvrez maintenant