PART 49(Z+U)

1.5K 119 18
                                    

Zawgyi

"တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့ဖူးသည့်
ပေါ့ပါးနွေးထွေးသော အသိုက်အဝန်းလေး"

ကျေနပ်အောင်နမ်းပြီးလို့ လွှတ်ပေးလိုက်သည့်အချိန်မှာတော့ သူ့ကုတ်ကော်လာကိုတင်းတင်းဆွဲဆုပ်ထားပြီး မျက်လုံးကိုစုံဖိမှိတ်ထားသူကို အဏ္ဏဝါကတော့ တစိမ့်စိမ့်ငေးရင်း အခြေအနေကိုအကဲခတ်နေ၏။

ပါးလှပ်လှပ်လေးကနေ အခုတော့ ခပ်ဖူးဖူးလေးဖြစ်သွားပြီးရဲတောက်နေသည့်နှုတ်ခမ်းတွေကို တစ်ချက်ဖွဖွလေးနမ်းပြီး သူ့မျက်နှာပေါ်ကအပြုံးကြီးကား ကျေနပ်မှုတို့အတိ။

မနည်းတည်ငြိမ်လာပြီဖြစ်သည့်ရှန်းကတော့ မကျေမနပ်မျက်လုံးတွေနဲ့ ခပ်စူးစူးစိုက်ကြည့်နေ၏။

"တစ်ခုခုကိုရှာတွေ့လား"

ရယ်မြူးမြူးအမေးကြောင့် ရှန်းက မကျေမနပ်နဲ့ပဲ ထိုရင်ဘက်ကိုတစ်ချက်ရိုက်လိုက်ပြီး

"ဘာကိုရှာတွေ့ရမှာလဲ! မင်းငါ့ကိုအနိုင်ကျင့်နေတာလား၊ ဘာလို့ဒီလောက်မနားစတမ်းနမ်းလိုက်ရတာလဲ"

ရှက်တာရော၊ ဒေါသပိစိလေးရော ပေါင်းပြီး သူ့ကိုမဲနေတာကိုသိတော့ အဏ္ဏဝါက ခပ်တင်းတင်းဖက်လိုက်ပြီး

"အစ်ကို့ကိုခွင့်ပြုချက်တောင်းခဲ့တယ်လေ... အနိုင်ကျင့်တာမှမဟုတ်ဘဲ"

"ဒီလောက်ကြီးနမ်းဖို့ မင်းကိုခွင့်ပြုလိုက်လို့လား!"

"သေချာတာကတော့ မငြင်းခဲ့ဘူးလေ... ပြီးတော့ ခုဏကကျွန်တော် ရှာတွေ့ခဲ့တာရှိတယ် သိလား"

အခဲမကျေသလိုကြည့်နေသည့်ရှန်းက သိချင်သွားသလို ငြိမ်ငြိမ်နားစွင့်နေ၏။

"ကျွန်တော့်အနမ်းတွေကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေတဲ့ ဒီထဲကဆန္ဒလေးတစ်ခုက တော်တော်လေးစူးစမ်းလိုစိတ်ပြင်းပြတယ်ဆိုတာပဲ"

တကယ်လည်းမငြင်းဆန်နိုင်သူကတော့ မျက်နှာပေါ်က ရှက်ရွံ့မှုကိုသာ မပေါ်လွင်အောင် မရမကထိန်းနေလေရဲ့။

"ပြီးတော့ အစ်ကိုကလေ နာရီပေါင်းများစွာ ချစ်ပေးပစ်လိုက်ချင်တဲ့အထိကို အရမ်းစွဲမက်စရာကောင်းတယ်"

"My Only One" ✔️Where stories live. Discover now