PART 55(Z+U)

1.4K 113 16
                                    

Zawgyi

"အပိုင်သိမ်းခံရအောင် ဆွနေတာပဲ"

"ကျွန်တော်အန်ကယ့်သားကိုတကယ်ချစ်မိနေလို့ တောင်းပန်ပါတယ်"

ခေါင်းငုံ့နေသည့်သူရိန်ထူးရဲ့တောင်းပန်စိတ်၊ ခွင့်တောင်းစိတ်၊ ဝမ်းနည်းစိတ်တွေပေါင်းယှက်နေသည့် တုန်ယင်နေသောအသံနိမ့်နိမ့်က ထွက်ပေါ်လာခဲ့ချိန် Codeရဲ့လက်သီးက တင်းသွား၏။

"ရိန်"

"အန်ကယ်ခန့်... ကျွန်တော်တို့ ဒီလိုယောက်ျားလေးချင်း နှစ်သက်မိတာကို အန်ကယ်လက်ခံပေးဖို့ခက်ခဲနေမှာကို သိပါတယ်... ဒါက ဓမ္မတာကိုဆန့်ကျင်တာ၊ အရှက်မရှိတဲ့ကိစ္စလို့လည်းတွေးချင်တွေးနေလောက်မှာပဲ"

သူရိန်ထူးက ဦးခန့်ထည်ကိုကို မျက်လုံးချင်းတည့်တည့်ဆုံရင်း ထပ်ပြောသည်။

"ဒါပေမယ့် ကျွန်တော်သူ့ကို နှစ်နှစ်ကာကာ ချစ်တာပါ... ဘာကြောင့်ချစ်တာလဲ၊ ဘာလို့သူ့ကိုလဲဆိုတာတွေတိတိကျကျမပြောနိုင်ပေမယ့် ကျွန်တော်တစ်သက်လုံးသူ့ကိုပဲချစ်သွားဖို့အထိဆန္ဒရှိနေတာပါ... ယောက်ျားနဲ့မိန်းမချစ်တာကပဲ သဘာဝလို့ယူဆကြသူတွေအတွက် ဒါကထူးဆန်းနေနိုင်ပေမယ့် ကျွန်တော့်အတွက် ကျွန်တော်ချစ်မိသွားတဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူချစ်မိသွားတဲ့သူကလည်း ယောက်ျားလေးတစ်ယောက်ဖြစ်နေရုံပါ"

"ဒီတော့ မင်းပြောချင်တာက"

"ကျွန်တော်တို့ကြားကအချစ်ကလည်း မှန်ကန်စွာဖြစ်တည်လာတဲ့မေတ္တာတစ်ခုပဲမို့ ဒီတိုင်းအချစ်တစ်ခုလို့ မြင်ပေးဖို့နဲ့ အန်ကယ့်သားကို မမုန်းလိုက်ဖို့ပါ"

"ငါကမုန်းနေတယ်လို့ပြောနေလား... မင်းတို့တွေ လူငယ်တွေမို့လို့ အသစ်အဆန်းတွေလုပ်ချင်ကြတာ ငါသိပါတယ်... ဒါပေမယ့် ဖြစ်သင့်လားစဉ်းစားကြဦး"

စိတ်ရှုပ်မှုတွေနဲ့ဦးခန့်ထည်ကိုက မယုံနိုင်ဖြစ်နေ၏။ ပြီးတော့ လက်ခံပေးလိုက်နိုင်ဖို့မဆိုထားနှင့်၊ အခုဒီစကားတွေက အမှန်ကြားနေရတာလား၊ သူ့သားနဲ့ဒီကောင်လေးနဲ့က တကယ်ကြီးမေတ္တာသက်ဝင်နေသလားဆိုတာတွေကို အကုန်ပြုံပြီးစဉ်းစားနေရလေသည်။

"My Only One" ✔️Donde viven las historias. Descúbrelo ahora