PART 74.1(Z+U)

1.4K 107 14
                                    

Zawgyi

"Darling, make sure I'm yours."

***


"ကိုဝေယံ!"

"ဗျာ~~~"

"ရုံးခန်းထဲကို လာခဲ့ပါဦး"

"ဟုတ်ကဲ့ သူဌေး"

"ဟုတ်ကဲ့ထက် လူကိုအရင်ရောက်အောင်လုပ်!"

အခုမှ ဟုတ်ကဲ့လို့ဖြေနေတုန်းကို ဖြတ်ဟောက်ခံလိုက်ရတော့ ကိုဝေယံမှာ ဆံပင်မွှေးတောင်ထောင်သွားတော့မတတ်ဖြစ်သွားပြီး သူ့မှာ ဖုန်းကိုမပြီးပဲ ပြေးသွားရကောင်းနိုးနိုးနဲ့ အထိတ်တလန့်။
မိန့်သံအဆုံးလှစ်ကနဲပြေးသွားတာက စက္ကန့်ပိုင်းလေးပဲကြာတာကိုတောင် ရောက်ရောက်ချင်းသူ့မှာ ဖိုင်တစ်ချပ်ကို ဘုတ်ကနဲပစ်ပေးခံရပြီး ခပ်တင်းတင်းအသံနဲ့ ထပ်မံ မာန်မဲခံလိုက်ရပြန်လေသည်။

"အဲ့ဒီအစည်းအဝေးကို စီစဉ်ထားတာကိုတစ်ချက်ကြည့်လိုက်ပါဦး... ရက်စွဲကရော ဘာလို့စောနေရတာလဲ"

ကိုဝေယံက စာရွက်တွေကို လှန်လှောကြည့်ပြီးနောက် သူမှားတာမရှိ၍ ရှင်းပြဖို့ပါးစပ်အဟမှာပဲ
"ပြီးတော့ ဘာလို့ ဗီဒီယိုကွန်ဖရင့်အနေနဲ့မစီစဉ်ဘဲ လူကိုယ်တိုင်သွားဖို့စီစဉ်လိုက်တာလဲ... ခရီးက နီးနီးလေးမဟုတ်ဘူး၊ စီစလီ စီစလီ... စီစလီဆိုတာ အသွားအပြန်နဲ့တင် ဘယ်နှစ်နာရီကြာလဲသိလား၊ ပြီးတော့ စုစုပေါင်းကြာမယ့်ရက်ကိုလည်းကြည့်လိုက်ဦး... နည်းနည်းလေးမဟုတ်ဘူး...ဆယ်ရက်... ဆယ်ရက်"

စားပွဲကို လက်ညှိုးနဲ့တစ်ချက်ချင်းခေါက်ရင်း လည်ချောင်းသံနဲ့ပြောပုံက ကိုဝေယံကို အားစေးသွားစေသလို မလှုပ်မယှက်တောင့်သွားစေလေ၏။

ပြီးတော့ အခုက သူ့ပုံမှာ ရန်ဖြစ်ထားသည့်လင်မယားကြား အချောင်ကြားညပ်နေသည့်ကြောင်ကလေးလိုပဲလို့ သူ့ကိုယ်သူထင်မိသွား၍ မအီမသာပြုံးမိလေသည်။ အိမ်ရှေ့သွားတော့လည်း သွားလို့ အဟောက်ခံရ။ ထမင်းစားခန်းနားဖြတ်လျှောက်တော့လည်း အချောင်အကန်ခံနေရသလိုမျိုးလေ။
မနက်ကတည်းက အခြောက်တိုက်ကြီး မနားတမ်းအဟောက်ခံ၊ မာန်မဲခံနေရလွန်းလို့ တခြားဝန်ထမ်းတွေကတောင် သူ့ကိုအားပေးနေကြသေးတာ။

"My Only One" ✔️Where stories live. Discover now