PART 6(Z+U)

2.1K 188 0
                                    

Zawgyi

"ဒေါသမာနကြီးသူက
သူ့စိတ်ဝင်စားမှုကို အမိဖမ်းထားတယ်"

မကြာခင်ထွက်ရှိလာတော့မည့် မိုးရာသီကော်လက်ရှင်ဒီဇိုင်းတွေကို အတော်မျှော်လင့်ထားတာကြောင့် စာရင်းနှင့်တင်ပြချက်စာတမ်းတွေကို ရှန်းတစ်ယောက် အသေအချာသတိထားကာ ဒီဇိုင်းမူကြမ်းအချက်အလက်ကစလို့ အမြတ်အစွန်းတွေအထိ ဂရုတစိုက်စီစစ်နေလေသည်။

ဖြူ သွယ်သောလက်ချောင်းလေးများက ခဲရောင်ဘော့ပင်ကိုခပ်ဖွဖွကိုင်ထားလျက် စာရွက်တွေပေါ်အသာအယာပြေးလွှား နေသည်။
သို့ပေမယ့် မျက်မှောင်အနည်းငယ်ကျုံ့လျက် ဖျော့တော့ပါးလျသော နှုတ်ခမ်းတို့ တင်းစေ့နေသည်မှာ တစ်ခုခုဘဝင်မကျဖြစ်နေဟန်။

"စံစံ ရုံးခန်းထဲ လာခဲ့ပါဦး"

အတွင်းရေးမှူးစံစံကို ဖုန်းဖြင့်လှမ်းခေါ်လိုက်ရာ ခဏအတွင်းမှာပဲ စံစံရောက်လာလေသည်။

"ရောက်ပါပြီ ဘော့စ်"

"ပစ္စည်းတွေဒီအပတ်ထဲအရောက်မှာထားတာကို ဟိုဘက်က အကြောင်းမပြန်သေးဘူးဆိုတော့..."

လက်ချောင်းများကိုယှက်ထားလျက် စားပွဲပေါ်လက်ထောက်ရင်း ရှန်းက ဆိုလေသည်။

"ဟုတ်ပါတယ်... ဒီနေ့ ရီမိုင်း(remind) သေသေချာချာထပ်လုပ်ထားပေမယ့် အကြောင်းမပြန်လာသေးပါဘူး ဘော့စ်"

"အင်း...မနက်ဖြန် အရေးကြီးကိစ္စရှိလား"

ရှန်းက မေးလာတာကြောင့် စံစံက ဒီတစ်ပတ်အတွင်း အချိန်ဇယားကို စစ်လိုက်ပြီး ပြန်ဖြေလာ၏။

"မနက်ဖြန်မရှိပါဘူး... ဒီအပတ်ထဲမှာပဲ "မင်းလုပ်ငန်းစု"ရဲ့ဥက္ကဋ္ဌအသစ်တက်ပွဲ ဖိတ်ထားတာတော့ရှိတယ် ဘော့စ်"

စံစံ၏စကားကိုကြားတော့ရှန်းက ခဏငြိမ်သွားပြီးနောက်
"မနက်ဖြန် အရေးကြီးတာမရှိဘူးဆိုတော့ ကိစ္စတစ်ချို့ကို စံစံ့ကို လွှဲခဲ့မယ်... သုံးနာရီခွဲကျရင် ရှင်းပြပေးမှာမို့လို့ ရုံးခန်းထဲလာခဲ့ပေး...အခုတော့ မနက်ဖြန်အတွက် လေယာဉ်လက်မှတ်စီစဉ်ပေးပါဦး"

"My Only One" ✔️Hikayelerin yaşadığı yer. Şimdi keşfedin