PART 14(Z+U)

1.8K 163 7
                                    

Zawgyi

"လက်ရဲဇက်ရဲ ငရှုပ်ကောင်ကို
ဘာလို့်အိမ်ထဲပေးဝင်လိုက်မိတာလဲ"

ည(၉)နာရီကျော်အချိန်တွင် မင်းအဏ္ဏဝါသည် စာရွက်စာတမ်းများ၊ ဖိုင်များနှင့် ကုမ္ပဏီရှိ ရုံးခန်းတွင် အလုပ်ရှုပ်နေဆဲဖြစ်သည်။
ကွန်ပျူ တာပေါ်နှိပ်လိုက် အနီအစိမ်း မာကာပန်များဖြင့် စာရွက်များပေါ်တားလိုက်နဲ့ စီစစ်နေသည်မှာ လေးနက်မှုနဲ့အာရုံစိုက်မှုတို့ကအပြည့်။

တင်ဒါကနီးလာပြီမို့ အဆင်သင့်ဖြစ်နေစေရန်ပြင်ဆင်စရာရှိတာတွေကို မင်းအဏ္ဏဝါတစ်ယောက် လုပြီးပြင်နေသည်မို့ ဒီရက်ပိုင်းအိမ်မှာတောင် ပြန်မအိပ်ဖြစ်။

သန်းပေါင်းမြောက်မြားစွာအကျိုးအမြတ်ရရှိမည့်အိမ်ယာကိုဖန်တီးနိုင်ဖို့က ဥက္ကဌအဖြစ်စတင်ပြီး ပထမဆုံးအောင်မြင်မှုမှတ်တိုင်အဖြစ်စိုက်ထူရန် ရည်ရွယ်ထားခဲ့သည့်အရာဖြစ်သောကြောင့် ဤတင်ဒါကိုရရန် နေ့မနားညမနား ကြိုးစားနေခြင်းပင်။ သူ့အဖွဲ့ကဝန်ထမ်းတွေကလည်း အကောင်းဆုံးပြင်ဆင်နေကြသလို ခေါင်းဆောင်ဖြစ်သည့် သူကလည်းပို၍ကြိုးစားနေပါ၏။

"တီ!"

စားပွဲပေါ်ရှိဖုန်းမှ မက်ဆေ့ဝင်လာသည့်အသံကြားတော့ မင်းအဏ္ဏဝါက ဖွင့်ကြည့်လိုက်ပြီးနောက် အောက်ထပ်ကိုအမြန်ဆင်းသွားလေသည်။

ယခုတလောအလုပ်တွေရှုပ်နေပါသော မင်းအဏ္ဏဝါမှာ ရှန်းရှိရာဘက်ဆီ စိတ်ရောက်ပေမယ့် ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်သွားမတွေ့ဖြစ်ပေမယ့် ဒီတစ်လျှောက်လုံးစောင့်ကြည့်နေပေးဖို့ Codeကိုမှာထားတာကြောင့် နေ့စဉ်အခြေအနေကို သူသိနေရသည်။

အကြောင်းအရာထူးထူးခြားခြားမရှိလျှင် Codeက ဖုန်းနဲ့ပဲလှမ်းသတင်းပို့နေကျ ။ ယခုတော့ Code၏ကိုယ်တိုင်လာပြောပြပါမည်ဆိုသောစာကိုရခဲ့ပြီးကတည်းက မင်းအဏ္ဏဝါ၏စိတ်မှာမအေးနိုင်။

တိတ်ဆိတ်နေသော အဆောက်အဦးအတွင်းတွင် မင်းအဏ္ဏဝါ၏ခပ်သွက်သွက်လျှောက်လာမှုကြောင့်ထွက်ပေါ်နေသည့် ဖိနပ်သံခပ်စိပ်စိပ်က ဟိန်းလို့နေလေသည်။

"My Only One" ✔️Where stories live. Discover now