PART 63(Z+U)

1.6K 121 16
                                    

Zawgyi

"ငါ့ကိုပဲ ချစ်ပေးလို့ရမလားဟင်"

နှစ်ဦးသားတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း အကြင်နာပေးလို့နေပုံက နည်းနည်းမှ ကြားလေမသွေးစေနိုင်သည့်နှယ်။
ညင်သာကာ အလျင်မလိုသည့်အနမ်းကလည်း အလွမ်းတွေကို တစ်ဝကြီး ဖြည်ချနေသည့်နှယ်။

ထို့အပြင် အဏ္ဏဝါက ရှန်းရဲ့မျက်နှာကို ပင့်ယူကာ လွမ်းဆွေးစွာကြည့်နေမိပြီး နဖူးပြင်ကိုလည်းအနမ်းတွေ တဖွဖွပေးလို့နေသေး၏။

"အဏ္ဏဝါ... ငါတောင်းပန်ပါတယ်... ငါ"

ဝမ်းနည်းမှုကိုမထိန်းနိုင်သည့်ရှန်းမှာ တောင်းပန်စကားကိုတောင် ဆက်မပြောနိုင်။
သူ့ရင်ထဲ ဗြောင်းဆန်နေပြီး ရူးသွားစေတော့မလို ခံစားချက်မျိုးစုံက ပြင်းထန်နေလေ၏။

သူကအရင်ဆုံး ဒီကောင်လေးကို ပစ်ပယ်ခဲ့တာ။
မချစ်တော့ဘူးလို့ ပြောခဲ့ပြီး ဒီကောင်လေးကိုနာကျင်စေခဲ့တာ။
အဏ္ဏဝါကို စိတ်ရော၊ ကိုယ်ရော ပင်ပန်းထိခိုက်အောင်လုပ်ခဲ့မိတာ။ ဒါတွေဟာ သူ့သတ္တိနည်းမှုကြောင့် ဖြစ်ခဲ့ရတာ။
ဒါပေမယ့် အခုတော့ ချစ်နေသေးတယ်လို့ပြောပြန်သူက သူပဲဖြစ်နေပြန်သည်။ အဏ္ဏဝါကိုထွက်မသွားစေချင်သူကလည်း သူပဲဖြစ်နေပြန်သည်။

သူ့ကိုယ်သူမှားမှန်းသိလိုက်ရချိန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိစည့်စိတ်၊ နောင်တတရား၊ ဒါ့အပြင် အဏ္ဏဝါကိုလက်လွှတ်လိုက်ရရင်ဆိုသည့်အကြောက်တရား၊ စိုးရိမ်မှုတွေနဲ့ သူ့စိတ်ဟာဂဏာမငြိမ်ချိန်မှာပဲ သူ့ဆီကိုရောက်လာသည့်အဏ္ဏဝါကိုတွေ့လိုက်ရချိန် ဝမ်းသာစိတ်နဲ့ဝမ်းနည်းစိတ်က သူ့နှလုံးသားကို မွန်းကြပ်အောင် ဖိနှိပ်ထားကြ၏။

ပြီးတော့ အဏ္ဏဝါရဲ့ မျက်နှာလေးကိုငေးမိရင် ငိုချင်စိတ်က ဘယ်လိုမှ တားမရ။
ရှန်းက ရှိုက်နေရင်းမှ အဏ္ဏဝါရဲ့လည်တိုင်ကို လှမ်းဖက်တွယ်လိုက်ပြီး ကြိမ်ဖန်များစွာ တောင်းပန်မိလေ၏။

"အဏ္ဏဝါ... တောင်းပန်ပါတယ်၊ ငါ့အမှားပါ... တောင်းပန်ပါတယ်... မင်းကိုမချစ်တော့ဘူးလို့ မပြောခဲ့သင့်ဘူး... အဏ္ဏဝါ ငါ့ကိုမမုန်းပါနဲ့... ငါ့ကိုမထားခဲ့ပါနဲ့... အဏ္ဏဝါ... တောင်းပန်ပါတယ်"

"My Only One" ✔️Where stories live. Discover now