PART 41(Z+U)

1.5K 131 13
                                    

Zawgyi

"ကိုယ့်ကိုယ်ကိုယ် အသေအကြေနှိပ်စက်နေတာပဲ"

သိပ်သည်းသောအမှောင်ထုနှင့်အတူ ဝုန်းဒိုင်းကြဲရွာသွန်းနေသည့်မိုးရွာကြီးထဲ ကားတစ်စီးသည် နေရာတစ်ခုဆီသို့ မြန်နှုန်းမြှင့်ပြီး ဦးတည်သွားနေပါ၏။

ဤညတင်ဒါပြီးသွားတယ်ဆို မင်းအဏ္ဏဝါက သူ့ရှန်းလေးဆီဖုန်းခေါ်ဖြစ်ခဲ့သည်။ နေ့စဉ်အကြောင်းတစ်ခုခုရှာပြီး သွားတွေ့လေ့ရှိသူက တစ်ရက်မဟုတ်၊ အခုဆိုမတွေ့ရတာ ဆယ်ရက်ရှိနေပြီမို့ နောက်မနက်အထိတောင်မစောင့်နိုင်ဘဲ ပြန်လာဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော် အံ့သြသွားစေချင်၍ ပြောတော့မပြောပြဖြစ်ခဲ့။

ပြန်လာရင်း လမ်းတစ်ဝက်လောက်အရောက် စံစံဆီကဖုန်းကြောင့် စိတ်ပူမိပြီး Codeကို လှမ်းမေးမိသည်။
ထို့နောက် Codeအဖြေကြောင့်ပါ မင်းအဏ္ဏဝါမှာ ရှန်းအတွက် စိတ်ပူရင်းပူဖြစ်လာခဲ့သည်။
ဒါ့အပြင် ဖုန်းတောက်လျှောက်ခေါ်နေခဲ့ပေမယ့် "ရှန်းလေ"ဆိုသည့် ဖုန်းမျက်နှာပြင်ပေါ်က နာမည်လေးဆီက ဖြေဆိုမှုက လုံးဝမရှိခဲ့တာမို့ သူ့မှာ မီးကျည်ခဲ ရင်ခွင်ပိုက်ထားရသလိုပင်။

ညလည်းညဘက်ဖြစ်၊ မိုးကလည်းသည်းနေတာမို့ ထိန်းပြီးမောင်းပြန်လာခဲ့ရာက မြို့ထဲမဝင်တဝင်အရောက် သူ့ဖုန်းဆီဝင်လာသည့် နံပါတ်စိမ်းတစ်ခုဆီက စာနှင့်တည်နေရာကြောင့် မတတ်နိုင်တော့။ မိုင်ကုန်မြှင့်ပြီး ထိုနေရာဆီကို အသော့မောင်းလာခဲ့ခြင်း။

"သူဌေးရှန်းဆီ အမြန်လာခဲ့ရင်ကောင်းမယ်၊ ဆိုးဝါးတာတစ်ခုခုမဖြစ်ခင်" ဆိုသည့်စာက သူ့ရင်ကိုမီးနဲ့မြိုက်နေသလို ဖြစ်စေသည်မဟုတ်လား။

ထို့နောက် ခဏမှာပဲ Codeဆီက တောင်းပန်သည့်အသံဖိုင်ရောက်လာတော့ လိုက်သွားနေပြီလို့စာပြန်လိုက်ပေမယ့်လည်း စိတ်ပူပန်မှုကိုတော့ မလျှော့ချနိုင်သေး။

တည်နေရာအရ "CÂLIN"ဟူသည့် ဟိုတယ်အရှေ့သို့ရောက်လာလေ၏။

ဤဟိုတယ်ကား အလယ်အလတ်တန်းဟိုတယ်ဖြစ်ဟန်တူသည်။ ဧည့်သည်လည်းရှင်းသလို အဆောက်အဦးကလည်း သိပ်ခေတ်မမှီ၊ အနည်းငယ်ဟောင်းနွမ်းနေပြီး ဤနေရာဝန်းကျင်ကလည်း ချောင်ကျလှသည်။

"My Only One" ✔️Donde viven las historias. Descúbrelo ahora