PART 50(Z+U)

1.5K 122 19
                                    


Zawgyi

"My Only One"

စားပြီးသောက်ပြီးနောက်တော့ သူရိန်ထူးနှင့်Codeတို့က အဏ္ဏဝါတို့ကိုနှုတ်ဆက်ပြီး အသီးသီးလမ်းခွဲသွားကြ၏။ ကြည်လင်းသန့်ကတော့ ဆိုင်မှာကျန်ရစ်ခဲ့၏။

အဏ္ဏဝါက ရှန်းကိုလက်တွဲရင်း ပုံမှန်လေးလျှောက်နေ၏။ အလာတုန်းက ဈေးတန်းဘက်ကို ပြန်မလှည့်ဘဲ လူရှင်းကာတိတ်ဆိတ်သည့်ဘက်ဆီဦးတည်ခေါ်သွားတော့လည်း ရှန်းက လိုက်သွားပြန်ပါသည်။
ဗိုက်လည်းအတော်အင့်သွားတာကြောင့် သူ့မှာတော့ ဖြည်းဖြည်းသာလျှောက်နိုင်လေ၏။

လူရိပ်လူခြေလည်းရှင်းနေပြီး တိတ်ဆိတ်လှသည့် ခပ်မှောင်မှောင်ပတ်ဝန်းကျင်က အခုအေးချမ်းနေသည့်သူ့စိတ်နှလုံးလေးကို ပိုပြီးတည်ငြိမ်လာစေသည့်နှယ်။

သည်ညရဲ့ အဖြစ်အပျက်တွေ၊ သူရရှိခဲ့သည့်ပျော်ရွှင်မှုတွေအကြောင်းတွေးတောနေရင်း သူ့လက်ကို မြဲမြဲဆုပ်ကိုင်ထားသည့်လက်ကိုငုံ့ကြည့်ကာ အပြုံးတွေက မရပ်တန့်နိုင်။

မော့ကြည့်တော့လည်း ကြယ်ပေါင်းမြောက်မြားစွာလင်းလက်နေသလို မျက်ဝန်းတွေနဲ့လူငယ်က နူးညံ့စွာပြုံးပြလာတာမို့ ရှန်းဆီကိုထိုနူးညံ့အေးချမ်းမှုတွေ ကူးစက်ကုန်၏။

လမ်းမဘေးက ခပ်မှိန်မှိန်မီးလုံးလေးတွေဆင်ထားသည့်အပင်ပုလေးတွေကလည်း လက်ချင်းတွဲလျက်တရွေ့ရွေ့သွားနေသည့်ယောက်ျားပျိနှစ်ဦး၏ပုံရိပ်လေးနှင့် ကဗျာဆန်နေ၏။

တိတ်တဆိတ်သွားနေရင်းမှ သီချင်းညည်းသံလေးက နှစ်ကိုယ်စာကြားနိုင်လောက်သည်အထိ တဖြည်းဖြည်း ပြတ်သားစွာထွက်ပေါ်လာလေ၏။

~~~ ကမ္ဘာပျက်သုဉ်းသွားသည့်တိုင် ~~~ ကိုယ်ဟာ မင်းအတွက်အစဉ်အတိုင်း ~~~ ကိုယ့်နှလုံးသားကို သိပ်ချစ်တဲ့သူ ထာဝရစဉ်မင်းပိုင် ~~~

~~~ ဘယ်လိုစည်းများ ခြားနား ~~~ ဘယ်လိုအဆိုးများကြုံတိုင်း ~~~ ကိုယ်မင်းနားမှာ အမြဲရှိပါ့မယ် ရာသက်ဆုံးတိုင် ~~~

ရှန်းက အံ့သြစွာမော့ကြည့်မိတော့ ပြုံးလျက်သီချင်းဆိုနေသူရဲ့ မျက်ဝန်းထဲမှာလည်း ခိုင်မာလေးနက်သောအဓိပ္ပါယ်တွေက လွှမ်းနေ၏။

"My Only One" ✔️Where stories live. Discover now