PART 54 (Z+U)

1.4K 109 20
                                    

Zawgyi

"တကယ်ချစ်မိနေပါတယ်"

ရှန်းတစ်ယောက် ညကသူ့ရင်ထဲကစကားတွေကို မဖုံးကွယ်တော့ဘဲထုတ်ပြောလို့ပြီးမှာတော့ ရင်ထဲပေါ့သွားပြီး စိတ်ချလက်ချနဲ့အိပ်ပျော်သွားခဲ့သည်။ မခံချိမခံသာဖြစ်သည့်အိပ်မက်လိုလိုတစ်ခုတော့မက်ခဲ့သေးပေမယ့် ခဏပဲမို့ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားခဲ့တာ အခုမနက် တော်တော်အချိန်လင့်မှသာ မျက်လုံးပွင့်လာနိုင်သည်။
သူနိုးလာချိန်မှာတော့ တစ်ဖက်မှာလူမရှိတော့။ သို့သော် အိပ်ယာပေါ်မှာ အနွေးဓာတ်ကတော့ကျန်ရှိနေခဲ့သေးပေသည်။

တစ်နေ့တာကို ကြည်နူးစရာအတွေးတွေနဲ့စမိသည့်ရှန်းကတော့ ရှက်ပြုံးလေးနဲ့ထလိုက်သည်။
သို့ပေမယ့် ထထိုင်လိုက်ချိန်မှာ သူ့ခန္ဓာကိုယ်ကမူမမှန်ဘူးလို့ခံစားမိလာသည်။ မနေ့ကမူးခဲ့တာကခေါင်းဆိုပေမယ့် အခုနည်းနည်းနာနေတာက သူ့အောက်ပိုင်းမို့ အကြောင်းအရင်းကိုသူသိချင်လာသည်။

စောင်ကိုလှပ်မိချိန်မှာတော့ လန့်မအော်မိရုံတမယ်စောင်ကိုချက်ချင်းပြန်အုပ်လိုက်မိသည်။ မျက်နှာမှာလည်း ရုတ်တရက်နီရဲလာသလိုလို။
ဘာလို့ဆို ဘောင်းဘီအတိုလေးဝတ်ထားတာဟုတ်ပေမယ့် တွန့်လွယ်၊ လိပ်လွယ်သည့်ဂါဝန်က ပေါင်တွေကိုတောင်လုံးဝဖုံးအုပ်မနေဘူးလေ။

ဘယ်လိုတောင်ငြိမ်ငြိမ်မအိပ်ခဲ့သလဲဆိုပြီး စိတ်ထဲကနေသူ့ကိုယ်သူကျိန်းလိုက်မိသေးသည်။
ပြီးတော့ သူမျက်ခုံးလေးတွန့်လာပြီး စောင်ကိုပြန်လှန်ကြည့်လိုက်လေသည်။

သူ့ပေါင်အရင်းနားမှာထင်းနေသည့် အရောင်ရင့်ရင့်အကွက် လေး၊ ငါးခုကို ထိကြည့်လိုက်တော့ ရှန်းကရှုံ့မဲ့သွားသည်။ တခြားနေရာတွေကိုလည်း အသေအချာလိုက်ရှာကြည်းမိတော့ ညာဘက်ပေါင်အလယ်လောက်မှာလည်း ခပ်ရဲရဲအကွက်တစ်ခု၊ ခြေကျင်းဝတ်မှာလည်း အကွင်းတစ်ကွင်းနဲ့ ခြေဖနောင့်ရဲရဲ့မှာလည်း အကွင်းတစ်ကွင်း။

မျက်လုံးတွေဝိုင်းနေသည့်ရှန်းမှာတော့ သူ့လက်တွေ၊ ရင်ဘက်တွေကိုပါ အလန့်တကြားလိုက်ရှာပါတော့သည်။ ကိုယ်အပေါ်ပိုင်းမှာမတွေ့ပေမယ့် သူ့မှာလန့်နေတာကအသိအသာပင်။ အရင်က ဒါမျိုးနှစ်ကြိမ်ဖြစ်ဖူးပေမယ့် ဒီလောက်မဆိုးတာကြောင့် အခုလောက်မလန့်ခဲ့ပေ။

"My Only One" ✔️Tempat cerita menjadi hidup. Temukan sekarang