PART 26(Z+U)

1.7K 150 7
                                    

Zawgyi

"နောက်တစ်ယောက်တိုးလာနဲ့အမျှ
ပျော်ရွှင်ရယ်မောမှုတွေကရော တိုးပွားလာလေ့ရှိသလား"

မနက်(၆)နာရီဝန်းကျင်ဆို နိုးနေကျဖြစ်သည့် ရှန်းတစ်ယောက် ညက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားခဲ့သည်မှာ အပြင်လောကနှင့် လုံးလုံးကြီး အဆက်အသွယ်ကိုပြတ်တောက်သွားခဲ့သလိုပင်။
ဒီမနက်အချိန်အတော်လင့်တော့မှ နိုးလာလေ၏။

ထုံးစံအတိုင်းပါပဲ။
စောင်ကိုကန်ကန်ချတတ်သည့်သူမို့ စောင်ကတော့ ခြေရင်းမှာပုံလျက်သား။
သို့ပေမယ့် အရင်ကမနက်ခင်းများလို အေးစက်စက်ဖြစ်မနေဘဲ နွေးနွေးလေးဖြစ်နေသော သူ့ကိုယ်လေးကိုသူ လိုက်ထိကြည့်ရင်း နိုးနိုးချင်းအံ့သြနေခဲ့သည်။

ဒါ့အပြင် ဘေးကလွတ်နေသာအိပ်ယာကိုကြည့်ပြီး သူ့ပါးတွေ လေပူဟပ်လာသလိုပင် ရှိန်းတိန်းတိန်းဖြစ်သွားရသေးသည်။

သို့သော် သူတွေးလိုက်ပါသည်။
ယခုလောက်ဆို အရိပ်အယောင်တောင်မကျန်အောင် ဒီကနေထွက်သွားလောက်ပြီပေါ့။
သူ့ပုံရိပ်ရဲ့နောက်ကွယ်က အတိတ်ကိုသိသွားပြီဆိုတော့ အနားမှာနေဖို့ ဆန္ဒတွေ ပျောက်ကုန်လောက်ရောပေါ့ဆိုပြီးတော့လေ။

လှပတယ်၊ ပြည့်စုံတယ်၊ ကြွယ်ဝတယ်၊ အတူရှိနေရင်ပျော်ရမှာပဲလို့တွေးခဲ့ပြီး အနားရောက်လာကြပေမယ့် အမှောင်ဘက်ခြမ်းက မျက်နှာတစ်ခုကိုသိသွားကြပြီဆိုလျှင် စိတ်ပျက်သွားတတ်ကြတာက သဘာဝပါပဲလေ...
ဘာကိုများ မျှော်လင့်နေဦးမှာလဲ...
ဘာကများ ပြောင်းလဲသွားမှာမို့လို့လဲ...
ဘယ်သူကများ အတူရှိနေမှာမို့လိုလဲလေ...

ရှန်းက ကုတင်ပေါ်ကနေ မှန်နံရံတွေဆီလျှောက်သွားလိုက်ကာ အဖြူ ရောင် ဇာလိုက်ကာစကို ဘေးကိုတွန်းဖွင့်လိုက်ပြီး အပြင်ဘက်ကိုငေးနေ၏။
ငေးနေရင်း ခပ်ယဲ့ယဲ့လေး တစ်ချက်ပြုံး၏။

ထို့နောက် ရေချိုးခန်းဘက်ကိုသာ ဝင်သွားတော့သည်။

အဝတ်လျှော်ပြီး သွားလှန်းတော့ လှန်းထားလျက်သားရှိနေသည့် အဝတ်တချို့ကို သူအသေအချာကြည့်လိုက်မိသည်။

"My Only One" ✔️Donde viven las historias. Descúbrelo ahora