PART 68.1(Z+U)

1.5K 108 17
                                    

Zawgyi

"ကိုယ့်ဆီကို လှမ်းလာမယ့်မင်းလေးကို
အရမ်းတွေ့ချင်လှပြီ"

"ရှန်းလေး"

အဏ္ဏဝါအခေါက်ခေါက်တောင်းပန်ပြီးပြီဖြစ်သလို ချော့နည်းအစုံနဲ့ချော့နေတာဖြစ်ပေမယ့် ရှန်းကတစ်ချက်မှ စကားပြန်မပြော။ ထို့အပြင် အနားလည်းအကပ်မခံပေ။
အခုအိပ်တော့လည်း အဖက်မခံဘဲ စောင်ကိုခေါင်းကနေခြေထောက်အထိလုံအောင် ပိုးတုံးလုံးလေးကအခွံထဲမှာဝပ်နေသလိုမျိုးလုံးထားပြီး ကုတင်အစွန်တစ်ဘက်မှာ ငြိမ်နေတာဖြစ်၏။

လက်မထပ်ရသေးဘဲ ထိုကိစ္စကိုမလုပ်မှာမို့ မကြောက်ဖို့သူပြောခဲ့ပေမယ့် ခုဏက သူကပဲအရူးအမူးလုပ်လိုက်မိပုံက သူ့ရှန်းလေးကိုစိတ်ဆိုးသွားစေမိတော့လည်း စောင်ပေးမခြုံ၊ အဖက်မခံ၊ အနမ်းလည်းမခံလည်း အဏ္ဏဝါမှာ အဓွန့်မတက်ရဲ။

"အစ်ကို"

ကျောပေးပြီးငြိမ်နေသည့်စောင်အလုံးလေးကိုကြည့်ရင်း အဏ္ဏဝါက တိုးတိုးထပ်ခေါ်လိုက်ပြီး ဖြည်းဖြည်းအနားကပ်သွားလိုက်သည်။
ဒီတစ်ကြိမ်တော့ တားမြစ်စကားမဆိုလာသလို၊ မရုန်းပြေးတော့တာကြောင့် အဏ္ဏဝါက ထိုစောင်အလုံးလေးကို အနောက်ကနေခပ်တင်းတင်းလေးပွေ့ဖက်ထားလိုက်ပြီး ခေါင်းလေးကိုတိုးဝှေ့နမ်းရှုပ်ရင်း

"အစ်ကို... ကျွန်တော်တောင်းပန်ပါတယ်... ကျွန်တော်လွန်သွားတာသိပါတယ်... ကျွန်တော်ကရမ္မက်စိတ်ကြီးပဲမွှန်နေတဲ့ကောင်မဟုတ်ပါဘူး... ဒါပေမယ့် အစ်ကိုက အရမ်းချစ်ပေးချင်စရာကောင်းနေတော့ ကျွန်တော့်အသိတွေလွတ်ကုန်တော့တာပဲ... ဒါပေမယ့် ကျွန်တော်အစ်ကို့ကိုတန်ဖိုးထားသလို လေးစားတယ်ဆိုတာတော့ သိထားပေးပါ... ကျွန်တော်အစ်ကို့ကိုအရမ်းချစ်တာ"

အဏ္ဏဝါရဲ့ညင်သာသောစကားတွေနဲ့ယုယုယယနမ်းရှိုက်နေမှုကြောင့် ရင်ခွင်ထဲက သက်ပြင်းလေးချသံကြားလိုက်ရပြီး တောင့်ထားသည့်ခန္ဓာကိုယ်လေးဟာ ပျော့ပျောင်းသွား၏။
ဘာမှတော့မဆိုလာပေမယ့် တွန်းလည်းမထုတ်ဘဲ ထိုအတိုင်းသာပွေ့ဖက်ထားသည့်အနေအထားနဲ့ပဲ ရှိနေဖြစ်ပြီး ခဏကြာတော့ အိပ်ပျော်သွားလေ၏။

"My Only One" ✔️Where stories live. Discover now