PART 7(Z+U)

2K 181 6
                                    

Zawgyi

"ဒွိဟ နှင့် ပဟေဠိ "

"ဒါကတော့ မကြာခင် စီအီးအိုကြီးဖြစ်တော့မယ့်ကောင်အတွက်"

"လာ ဝမ်းရှော့"

ကျောင်းကတည်းက လာထိုင်နေကျဖြစ်သည့် "Lilah"ဘားတွင် ခေါင်းချင်းဆိုင်နေသော သုံးယောက်သား၏ ဘယ်နှစ်ခွက်မြောက်မှန်း မသိနိုင်တော့သောအကြိမ်မြောက် ခွက်တိုက်ခြင်း။

ဒါကိုတောင် ထပ်မော့နေသေးသည့် သူရိန်ထူးက တကယ့်ကြွက်တွင်း။
မင်းအဏ္ဏဝါကတော့ ထိန်း၍သောက်နေ၏။ သို့သော် ဝင်သွားပြီးသည့်ပမာဏက အတော်များနေပြီမို့ ရီဝေဝေတော့ဖြစ်နေလေပြီ။
ကြည်လင်းသန့်ကလည်း ကျန်နှစ်ယောက်ထက်မလျော့သော သောက်နိုင်စွမ်းဖြင့် ရှယ်မော့နေလေသည်။

Lagavulin စကော့ဝီစကီ တစ်ပုလင်းကုန်တော့မှာ ကိုတောင် ထပ်မော့နိုင်သေးသည့် သူတို့စကေးကတော့ တော်ရုံဟုတ်မနေချေ။

"ဟေ့ကောင် အဏ္ဏဝါ ... အခြေအနေကောင်းသေးလား...ဒါကုန်ရင် တော်လောက်ပြီ... တော်ကြာ စီအီးအိုလောင်းလေး လူရုပ်သူရုပ်မပေါက်လို့ နာမည်ကြီးသွားဦးမယ်"
ကြည်လင်းသန့်က အခြေအနေထိန်းဟန် ဝင်ပြော၏။

"ဒီလောက်ကတော့ ကားမူးသလောက်ပဲ... မဟုတ်ဘူးလား ငထူး"

"အေးဆေး အေးဆေး...များလည်း ကိစ္စမရှိဘူး...ငါက ငါ့အသည်းလေးဆီ သွားအိပ်လို့ရတယ် "

အေးဆေးလို့သာပြောနေပေမယ့် သိပ်မဟန်သော သူရိန်ထူးကိုကြည့်ပြီး မင်းအဏ္ဏဝါကတစ်ချက်ခေါင်းခါသည်။

"ငါ့အသည်းလေးက... ငါ့ကိုပစ်ထားတယ်ကွ... မအားဘူးတဲ့... ငါကဖုန်းဆက်ရင်တောင်မကိုင်ဘူး..."

နာနာကျင်ကျင်နဲ့ ရေရွတ်နေပါသော သူရိန်ထူး။ ရွှေဝါရောင်ဆံပင်တွေကိုလည်း တစ်ချက် နှစ်ချက် ထိုးဖွလိုက်သေးသည်။

"နည်းတောင်နည်းသေး... ဒါပေမယ့် ပစ်ထားလည်း မင်းက မင်းအသည်းလေးဆီ အရောက်သွားသွားနေတာပဲမဟုတ်လား "

"My Only One" ✔️Where stories live. Discover now