PART 77(Z+U)

1.5K 95 16
                                    

Zawgyi

"ဘာစ်ြမှန်းသိ...
နှစ်ယောက်လုံး ထူးန်းနေကြတယ်"

***

တဖြည်းဖြည်းနဲ့အချိန်နေ့ရက်တွေဟာ ကုန်လွန်လာခဲ့တာဆိုရင် သတိတရရှိရမယ့်နေ့တစ်နေ့ကို ပြန်ရောက်လာခဲ့၏။

ထို့နေ့ကား အဏ္ဏဝါအနေနဲ့ ရှန်းကို ပထမဦးဆုံးတွေ့ဖူးသောနေ့လေးဖြစ်သလို၊ ရှန်းအဖို့ကတော့ စိတ်ညစ်နေသည့်ကြားထဲက ဇိုးဇိုးဇတ်ဇတ်အဖက်ခံရလိုက်၊ စိတ်တိုရလိုက်၊ အံ့သြရလိုက်ဖြစ်နေခဲ့ရသည့်နေ့... ဇွန်လ (၁၅)ရက်နေ့ပင်။

ထို့ကြောင့် သူတို့နှစ်ဦး ပထမဦးဆုံးအကြောင်းပါတွေ့ဆုံခဲ့သည့်နေရာလေးကို နှစ်ယောက်သားပြန်သွားဖြစ်ကြ၏။
ထိုစဉ်အချိန်တွေတုန်းကလိုပဲ အခုလည်း မိုးတွေက သည်းနေလေ၏။

နှစ်ယောက်သား ထိုအချိန်တုန်းက သူ့အတွေး၊ ကိုယ့်အတွေးလေးကိုလည်း ပြောပြဖြစ်ကြပြီး ခပ်လွင်လွင်လေးရယ်မိကြ၏။ ဘေးချင်းကပ်ထိုင်နေပြီး ရှန်းက အဏ္ဏဝါရဲ့လက်မောင်းကိုဖက်ထားကာ နှလုံးသားတွေကတော့ နွေးထွေးလျက်ပေါ့။

ထိုဆိုင်မှာ နေ့လည်စာစားမှာဖြစ်ပြီး ရှန်းကတော့ နောက်ဆက်တွဲအနေနဲ့ အချိုတွေအများကြီးနဲ့ Chocolate mousse cakeတွေအပြင် Cappuccino တစ်ခွက်ကိုပါ အရသာလေးကောင်းကောင်းခံဖို့ကြံနေ၏။
အဏ္ဏဝါကလည်း ရှန်းအလိုကျပါပဲ။ သူ့ယောက်ျားလေးက အချို၊ အခါးကိုဆို စွဲစွဲလန်းလန်းသဘောကျသူဆိုတာကို သိတာကြောင့်အပြင် အခု ရှန်းက လိုချင်တာရမည့်ကလေးလေးတစ်ယောက်လိုမျိုး ပြုံးပြုံးကလေးဆိုတော့ ဒီအပြုံးတွေကို မပျောက်ကွယ်စေချင်ဘူးလေ။

ဒါပေမယ့် တစ်ယောက်တည်းအတွက်ချည်းကို နှစ်ခွက်မှာဖို့လုပ်နေသူကြောင့်

"ရှန်းလေး... ရတော့ရပေမယ့် တစ်ခွက်ပဲ"

ချက်ချင်းဆိုသလို ရှန်းရဲ့မျက်နှာလေးက ခပ်တည်တည်ဖြစ်သွားပြီး အလိုမကျသယောင် နှုတ်ခမ်းလေးက ခပ်စူစူ။

"ဒါလင်ကလည်း ငါအရမ်းသောက်ချင်လို့ကို... ပြီးတော့ Cappuccinoက နွားနို့အမြှုပ်တွေရော၊ နွားနို့တွေရောပါတာလေ... ကဖင်းဓာတ်က ပိစိလေးပဲပါတာ"

"My Only One" ✔️Where stories live. Discover now