"Notes From My Only One"

613 30 2
                                    

⚫ အတိတ်ကအရာအားလုံးကို သယ်ထားစရာမလိုပါဘူး။ ကိုယ့်ကိုဆွဲနှစ်မယ့်ကြိုးတွေဆိုရင် ဖြတ်ချခဲ့လိုက်ပါ။

⚫ ဘယ်သူ့ကိုမှ မချစ်ရင်နေပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။

⚫ တခြားသူကို ပေးဆပ်ပြီး မချစ်ခင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ပြောချင်တာက သူများကိုချစ်လို့ ပေးဆပ်ရင်း ကိုယ့်ကိုယ်ကိုယ်ထိခိုက်မိအောင် လုပ်မိတာတွေကို သတိမူပါလို့။

⚫ ကိုယ့်ကို ဂရုစိုက်ချစ်ပေးတဲ့သူတွေကို မြင်အောင်ကြည့်ပြီး မေတ္တာ တုံ့ပြန်နိုင်ပါစေ။

⚫ ကိုယ့်ကိုအကောင်းဆုံးပျိုးထောင်ပေးခဲ့သူတွေကို ကျေးဇူးတင်၊ ကျေးဇူးသိတတ်ရတယ်။ ကိုယ်ချစ်တဲ့သူကို ကောင်းကောင်းကြီးပြင်းလာအောင်၊ ဒီအရွယ်အထိရောက်အောင် ပျိုးထောင်ပေးခဲ့သူတွေကိုလည်း မမေ့သင့်ဘူး။

⚫ တကယ်တော့ အတိတ်ဆိတ်ဆုံးသူတချို့ဟာ အထီးကျန်ဆုံးသူတွေဖြစ်နေတတ်ပါတယ်။ နှလုံးသားနဲ့နားထောင်တတ်ပါစေ။

⚫ ရင်ထဲရှိတဲ့အချစ်၊ မေတ္တာကို အချိန်မလွန်ခင် ထုတ်ပြနိုင်ပါစေ။ တချို့သောအရာတွေက ကိုယ်သိရုံလည်းမပြီးဘူးလေ။ ကိုယ်က ကြင်နာပြပေးလိုက်လို့ သူပျော်ရတယ်ဆိုရင် ကိုယ်လည်းပျော်ရမှာပါ။

⚫ ဝေဖန်သံကြားတိုင်း စိတ်ကယိုင်နဲ့သွားပြီး သူများပါးစပ်ဖျားမှာ ဘဝဆုံးသွားတာမျိုးတော့ အဖြစ်မခံပါနဲ့။ ဒါပေမယ့် ကိုယ်လုပ်တာတွေကလည်း လမ်းမှန်ပေါ်မှာ မှန်ကန်တဲ့အရာတွေဖြစ်နေဖို့လည်း လိုတာပေါ့လေ။

⚫ သူတို့ကကိုယ့်ကိုစွန့်ခွာမှာသိနေရင် ကိုယ်ကပဲ ဦးအောင်အရင် လွှင့်ပစ်လိုက်။

⚫ အောင်မြင်လို့အမြင့်ရောက်လာရင် ဆွဲချချင်သူတွေက အမြဲချောင်းမြောင်းနေတတ်တယ်။

⚫ အခက်အခဲတွေကြုံလာလည်း ဖြတ်ကျော်ရမှာပဲလေ။ စိတ်မပျက်ပါနဲ့။

⚫ ဘဝမှာ တစ်ယောက်တည်းလည်း ရှင်သန်နိုင်ရမှာပဲ။ သန်မာရမှာပဲ။ အားတင်းထားရမှာပါပဲ။

⚫ အဆိုးထဲကနေ အကောင်းကိုဖန်တီးယူတတ်ရတယ်။ ဒေါသကို ထိန်းပြီးတော့ပေါ့။

"My Only One" ✔️Where stories live. Discover now