Extra: "1st December is so special"

956 46 16
                                    

UNICODE

☃️❣️🌲

******

.

"သားသားရေ... ‌ခြေလက်ဆေးပြီးပြီနော်၊ ရော်ဘီကို သွားမကိုင်တော့နဲ့"

"ဟုတ် ရှန်းရှန်း"

အဝတ်လဲခန်းမှာ သားကြီးဖြစ်သူ မင်းရောင်ဝါကို အင်္ကျီထုတ်ပေးနေသည့်ရှန်းက မျက်နှာသစ်သွားတိုက်ပြီးလို့ ဘောင်းဘီလေးနှစ်ဖက်ကိုဆွဲမရင်း အပြင်ကို‌ထွက်သွားသည့် သားငယ်ကို လှမ်းသတိပေးလိုက်ခြင်းဖြစ်၏။

ရှန်းသတိပေးတာက စောသွား၍တော်သည်။

အိပ်ယာပေါ်မှာ နှပ်နေပြီဖြစ်သည့်ရော်ဘီက လင်းရောင်ဝါလေးကို တွေ့တယ်ဆို အမြီးတနံ့နံ့နဲ့ ထလာပြီး ပွတ်သီးပွတ်သပ်လုပ်ချင်၏။

သို့သော် လင်းရောင်ဝါလေးက ခပ်ခွာခွာကလေးမှာပဲနေနေပြီး ထောင့်နားမှာရှိသည့် ခွေးအိပ်ယာကို လက်ညှိုးထိုးပြလျက် ‌

"ရော်ဘီ သွားအိပ်တော့နော်၊ အခု မင်းကို ကိုင်လို့ မဖြစ်တော့ဘူး၊ နောက်နေ့မှ ဆော့မယ်နော်၊ ဂွတ်နိုက်"

ယဉ်ပါးနေသည့်ရော်ဘီက လင်းရောင်ဝါလေးရဲ့ လက်ညှိုးထိပ်ကလေး‌ကို မထိတထိ တရှုပ်ရှုပ်နမ်းလိုက်ပြီး နားလည်နေသယောင် သူ့အိပ်ယာပေါ်ကို ပြန်သွားအိပ်လေ၏။

"ညီညီ... အင်္ကျီလာလဲတော့"

"ဟုတ် ကိုကို"

အစ်ကိုကလှမ်းခေါ်တယ်ဆို လင်းရောင်ဝါလေးက အခန်းထဲဘက်ကို ပြေးသွားပြီး သူ့ပါသူ အင်္ကျီလဲလိုက်လေ၏။

ခရစ္စမတ်ကာလအဆင်ဖြစ်သည့် ကြယ်အဖြူပုံကလေးတွေပါသည့်အနီတောက်တောက် ညဝတ်ဝမ်းဆက်‌လေးကို ဝတ်ပြီးသည့်နောက်တော့ မှန်ထဲမှာ ဘယ်ညာလှည့်ကြည့်ကာ ပြုံးနေသလို ဘေးက အစ်ကိုဖြစ်သူကိုလည်းကြည့်ရင်း အတော်သဘောကျနေသယောင်ရှိ၏။

အိပ်ယာပြင်ပေးပြီးသည့်ရှန်းကလည်း စကားတပြောပြောနဲ့ဝင်လာသည့်သားနှစ်ယောက်ကိုကြည့်ရင်း ကြည်နူး‌မိရသည်ပင်။

"My Only One" ✔️Where stories live. Discover now