PART 27(Z+U)

1.5K 132 6
                                    

Zawgyi

"လှေဆိုတာ
အတူဝိုင်းလှော်လေလေ... ခရီးရောက်လေလေပဲ"

ဤနေ့တွင်တော့ ရှန်းက ဂေဟာဆီသွားခဲ့ပြီး အပြန်တွင် နေ့လည်စာစားရန်အတွက် ကြည်လင်းသန့်၏ဆိုင်ဆီသို့ လာခဲ့သည်။

မပြောင်းလဲပါဘဲ။
ရှန်းဝင်လာတာတွေ့တယ်ဆို ကြည်လင်းသန့်က အပြေးလာကြို ပြီး သီးသန့်စားပွဲတွေဘက် ခေါ်သွားကာနေရာချပေး၏။

ဤလူငယ်လေးတွေကိုတွေ့တိုင်း ရှန်းမှာ ပြုံးတတ်လာချေပြီ။
သို့သော် သူ့ကိုဆို ဂရုတစိုက်ရှိနေကြသည့် ဤလူငယ်လေးတွေအပေါ် နည်းနည်းတော့ အံ့သြမိလေရဲ့။

ဟိုညကလည်း ဒုက္ခရောက်လုဆဲဆဲ ရောက်လာကြသည်က တစ်အုပ်တစ်မကြီး။
အစားအသောက်တွေကအစ အိမ်တိုင်ရာရောက်။
စောင့်ကြည့်ခံနေရခဲ့ရသည်ဆိုတာကလည်း ပါသေး။
နောက်ထပ်ဘာတွေများ ဟိုလူလည်ကောင်လေးက ထပ်လုပ်ထားသေးသလဲ သူမပြောတတ်။

ဒီဖော်ရွေယဉ်ကျေးသည့်လူငယ်လေးမှာ ဆိုင်၏သူဌေးဟုပင် မထင်ရလောက်အောင် ဟိတ်ဟန်မထားဘဲ အစားအသောက်မှာသည်ကအစ သူကိုယ်တိုင်လုပ်ပေးပြီး ယခုလည်း အစားအသောက်တွေကို လာချပေးနေပြန်ပါသည်။

ကြည်လင်းသန့်၏အထူးတလည်အမူအရာနဲ့ ဂရုစိုက်ပေးမှုကိုတွေ့နေရသည့် ဆိုင်ထဲရှိတချို့မိန်းကလေးငယ်များကတော့ မကျေမချမ်း မျက်စောင်းလေးတွေ မသိမသာရွယ်နေကြလေရဲ့။

သို့သော် ဤကဲ့သို့ အထူးတလည်ဝန်ဆောင်မှုမျိုးဆိုတာ တခြားသူတွေအတွက်တော့ ရှိလိမ့်မည်မထင်။
အကြောင်းကား သူတို့အတွက် ရှန်းဆိုသည်မှာ တစ်ဦးတည်းသော အထူးဧည့်သည်လေးမဟုတ်လား။

ကြည်လင်းသန့်က အစားအသောက်တွေကိုချပေးပြီး ရှန်း၏အရှေ့တွင် ဝင်ထိုင်လိုက်၏။
ရှန်းကလည်း ပန်းကန်တွေကိုအနည်းငယ်စီလိုက်ရင်း
"နေ့လည်စာ စားပြီးပြီလား၊ အတူတူစားလိုက်ပါလား"


"အစ်ကိုရှန်းကို အနှောင့်အယှက်မပေးချင်ပါဘူး၊ အေးအေးဆေးဆေးသာ သုံးဆောင်ပါ"

"My Only One" ✔️Where stories live. Discover now