PART 43(Z+U)

1.5K 124 15
                                    

Zawgyi

"မထိခိုက်စေလိုသော တစ်ဦးတည်းသောသူ"


မမှိတ်မသုန်စိုက်ကြည့်နေသည့်အရှေ့ကလူရဲ့ မျက်ဝန်းထောင့်များမှာ အနည်းငယ်နီလာချေပြီ။ မင်းအဏ္ဏဝါက နာကျင်သွားသည့်စိတ်ကိုထိန်းရင်း အသက်ပြင်းပြင်းတစ်ချက်ရှူ ကာ ခေါင်းညိတ်လိုက်ပြီး

"ဘာလို့အစ်ကို ဒီလိုနှင်လွှတ်နေလဲဆိုတာ ကျွန်တော်သိတယ်၊ အခုလိုဖြစ်သွားကြတာကလည်း ဖြစ်ဖို့အကြောင်းရှိလို့ပဲယူဆလိုက်ရင်အဆင်ပြေတယ်"

"ဒါပေမယ့် အားလုံးက... ပြသနာတွေ အားလုံးက ငါကနေပဲအရင်းခံတာလေ... မင်းတို့တွေ အားလုံးကို ဒုက္ခတွေရောက်စေတာကရော.... အမှန်တော့လည်း မင်းတို့ငါ့ဘဝထဲရောက်လာစရာကိုမလိုတာ... ငါ့ဘဝ ငါအားလုံးဖြေရှင်းနိုင်တယ်... ဒီတော့ မလိုမယ့်အတူတူ ကျေးဇူးပြုပြီး ငါ့ဘေးကနေ ထွက်သွားကြ"

လေသံကို ငြိမ်အောင်မနည်းအားယူပြီးပြောလိုက်သူက ထထွက်သွားဖို့အလုပ် မင်းအဏ္ဏဝါက အရှေ့ကနေပိတ်ရပ်လိုက်ပြီး

"ဘယ်လိုနှင်ထုတ်နှင်ထုတ် ထွက်သွားဖို့အစီအစဉ် ကျွန်တော့်မှာမရှိတာမို့၊ မနက်ဖြန်တွေလည်း အစ်ကိုနဲ့အတူ ရှိနေဦးမှာပဲ"

ရှန်းက မျက်ရည်ငွေ့တွေကို ဖယ်သည့်အနေနဲ့မျက်တောင်ကို ထိန်းခတ်လိုက်ပြီး မင်းအဏ္ဏဝါကို စူးစူးစိုက်စိုက်မော့ကြည့်ကာ
"မလိုဘူး... ငါ့ကိစ္စတွေကို ငါဖြေရှင်းနိုင်တယ်၊ တစ်ယောက်တည်းပဲဆိုပြီး ဒူးတုန်နေမယ့်သူလည်းမဟုတ်သလို၊ ငါလက်မြှောက်ချင်နေရင်တောင် ငါ့မှာငါကိုယ်တိုင်ရှိတာမို့ ရပ်တည်နိုင်အောင် ပြန်လုပ်နိုင်တယ်"

တရစပ်ပြောလာသည့် နင့်နဲနဲစကားလုံးတွေကြောင့် မင်းအဏ္ဏဝါမှာ အသက်ရှူ ဖို့တောင် မေ့တော့မလိုပင်။
ဒါ့အပြင် မော့ကြည့်နေသည့် စူးရဲရဲမျက်ဝန်းတွေက မာန်မာနတွေအပြည့်ဆိုပေမယ့် ဟိုးမမြင်နိုင်သည့်တစ်နေရာဆီက ကြေမွနေသည့် ခံစားချက်တွေကိုခံစားမိတာမို့ ပြန်ငုံ့ကြည့်နေသူရဲ့မျက်ဝန်းတစ်ဖက်ကနေ မျက်ရည်တစ်ပေါက်က ကျလုလု။

"My Only One" ✔️Where stories live. Discover now