PART 70(Z+U)

1.7K 107 22
                                    

📵
{This part contains adult sence.
So, please decide before read.}

Zawgyi

"ယောက်ျားကို ရူးအောင်လုပ်နေတာပဲ ရှန်းလေး"

မီလန်နဲ့မြန်မာဆိုတာ အကွာအဝေး နည်းနည်းလေးမဟုတ်တာကြောင့် လေယာဉ်ပေါ်မှာတင် (၁၁)နာရီလောက်ကြာသွားခဲ့သည်။ နယူးဒေလီကနေ တစ်ဆင့်သွားဖို့တွေးကြသေးပေမယ့် နာရီဝက်၊ တစ်နာရီလောက်သာ ကွာတာမို့ ရှန်းက မထူးဘူးဆိုပြီး တိုက်ရိုက်သာလာခဲ့ကြခြင်း။

မီလန်ကိုခြေချတယ်ဆို (၇)ဒီဂရီရှိသည့်ဆောင်းရာသီရဲ့အအေးဓာတ်က စိမ့်ကနဲဝင်လာတာကြောင့် ရှန်းက ဇက်လေးပုလိုက်မိသည်။
ဘေးကအဏ္ဏဝါကတော့ ဒူးအထိရှည်သည့်ကုတ်အရှည်အနက်ရောက်နဲ့ အခန့်သား ထီးထီးမားမားကြီးရပ်နေပြီး အေးစိမ့်နေတာကိုလည်း မမှု၊ ခရီးဆောင်အိတ်နှစ်အိတ်ကို တစ်ဖက်စီကိုင်ထားရင်း မီလန်ရဲ့ညအလှကို တစ်ချက်လှည့်ပတ်ကြည့်နေသည်။

ရာသီဥတုကအေးစိမ့်ပြီး ထုထည်ကြီးမားသည့်အဖြူရောင်နှင်းတွေက နေရာတကာရှိနေပေမယ့် အဝါရောင်မီးတွေကနေရာတိုင်းမှာ လင်းနေတာကြောင့် နွေးထွေးမှုကိုခံစားမိစေသည်။
ရှေးဆန်သောအဆောက်အဦးဒီဇိုင်းတွေ၊ ငြိမ့်ညောင်းသော သံစဉ်တွေနဲ့အပြင် ခရစ္စမတ်ကာလဖြစ်လို့ ခရစ္စမတ်သစ်ပင်ကြီးတွေနဲ့အလှဆင်ထားကြပုံတွေက အရမ်းကိုသဘောကျစရာကောင်းနေ၏။
ညဘက်ဆိုင်ခန်းတွေမှာလည်း ဧည့်သည်တွေမပြတ်ရှိနေပုံက နှစ်ကုန်ခရီးသွားအပန်းဖြေရာသီဆိုတာကို ဖော်ပြနေသည့်နှယ်။

လေယာဉ်ပေါ်မှာ အီစိမ့်နေအောင်ထိုင်ခဲ့ရလို့ ပင်ပန်းနေသည့်ရှန်းတောင် လမ်းလေးဖြည်းဖြည်းချင်းလျှောက်၊ ဟိုဒီကြည့်ရင်းနဲ့ သဘောတကျပြုံးနေမိလေပြီ။

"သဘောကျလား... အီတလီက အရမ်းလှတယ်မဟုတ်လား၊ သူ့ကိုယ်က အနုပညာလက်ရာတွေ၊ ရှေးကျတာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ရိုမန်တစ်ဆန်နေတာ... ပြီးတော့ ရိုမန့်တစ်ဆန်တာတွေလည်း အများကြီးလုပ်လို့ရတယ်"

ဘေးကအဏ္ဏဝါက ရှန်းရဲ့နှစ်လိုဖွယ်အပြုံးလေးကိုတွေ့တော့ မေးလိုက်မိပေမယ့် လှည့်ကြည့်လာချိန် အပြုံးလေးကပျောက်သွားပြီး မျက်စောင်းလေးနဲ့ အကြည့်ခံလိုက်ရလေ၏။

"My Only One" ✔️Where stories live. Discover now