PART 28(Z+U)

1.4K 148 2
                                    

Zawgyi

"မထင်မှတ်ထားတဲ့တွေ့ဆုံမှုတွေဟာ
မတော်တဆတွေပါလို့ မယူဆနိုင်ချေ"

မိုးရာသီကာလဖြစ်၍ "Mazz"စင်တာ၏မျက်နှာကျက်မှ အလယ်ဗဟိုတောက်လျှောက် ချိတ်ဆွဲအလှဆင်ထားသည့် မိုးရေစက်ပုံများ၊ ထီးသေးသေးလေးများအပြင် ရောင်စုံစက္ကူ တန်းများကပါ ဖြာကျလျက်ရှိနေသောကြောင့် ဈေးဝယ်သူများ၏အာရုံကို ဖမ်းစားဆွဲဆောင်လို့နေပါသည်။

သည့်အပြင် ပထမထပ်တွင် "မိုးရာသီအထူးလျှော့ဈေး"ဆိုပြီး ပစ္စည်းမျိုးစုံဈေးလျှော့ရောင်းနေကြသည့်နေရာတွင်လည်း ဈေးဝယ်သူများက ကြိတ်ကြိတ်တိုးလျက်ရှိနေသည်ကို ရှန်းက အပေါ်စီးကနေငုံ့ကြည့်နေလေသည်။

ရှန်းက မှန်ဘောင်ကိုလက်ထောက်ထားရင်းရပ်နေခိုက် ခြေသလုံးမှာ တင်းနေအောင်ဖက်ထားခြင်းကိုခံလိုက်ရ၍ ငုံ့ကြည့်လိုက်တော့ ဆံပင်ကောက်ကလိမ်ကွေးလေးတွေနှင့် ကလေးလေးတစ်ယောက်။

ဂါဝန်ပန်းရောင်လေးနှင့် "ပိကျိ ပိကျိ"အသံမြည်သော ဖိနပ်လေးစီးထားပြီး ကောက်လိမ်နေသောဆံပင်လေးထက် ဖဲပြားကလစ်လေးတစ်ခု ပန်ထားသေး၏။
အသားအရည်က ဖြူ အုနေပြီး ပါးလေးနှစ်ဖက်ကလည်း ပန်းရောင်လေးသန်းနေကာ ဖောင်းအိအိ။

အလွန်ဆုံးရှိမှ (၂)နှစ်။
တောက်တဲ့တောက်တဲ့ လမ်းလျှောက်တတ်ခါစ အရွယ်မို့ အရှိန်နှင့်မလဲစေရန် ကလေးလေးက ရှန်း၏ဘောင်းဘီစကိုမြဲနေအောင်ကိုင်ထားလေသည်။
အရှိန်ရရာ လျှောက်လာစဉ် ဦးတိုက်တွေ့သည့် ရှန်းကို မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် မော့ကြည့်နေသေး၏။

လက်တစ်ဖက်တွင် ချောကလက်တစ်တောင့်ကိုကိုင်ထားပြီး စားထားသည်ကလည်း နှုတ်ခမ်းတစ်ဝိုက်တွင် ပေပွလို့နေ၏။
ချောကလက်တွေကပ်နေသောလက်ဖြင့် ရှန်း၏ဘောင်းဘီစကိုဆွဲထားတာမို့ လက်သုတ်သလိုဖြစ်သွားပြီး ခြေသလုံးတစ်ဝိုက်ရှိ ဘောင်းဘီစမှာ ပေကျံကုန်လေသည်။

ကလေးတွေနဲ့ဆို လက်ပွန်းတတီးနေလေ့မရှိသည့် ရှန်းမှာ ယခုလည်း ထိုကလေးကို ငုံ့သာငုံ့ကြည့်နေပြီး ချီဖို့ရန်လည်းမပြင်မိ။

"My Only One" ✔️Where stories live. Discover now