PART 34(Z+U)

1.5K 149 15
                                    

Zawgyi

"တရားဝင်ဂုဏ်ပုဒ်အတွက် ခြေတစ်လှမ်းတိုးခြင်း"


ဧည့်ခန်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး တစ်ခုခုကိုစိတ်အလောတကြီးနဲ့မျှော်နေပုံရသည့်သားဖြစ်သူကို ဒေါ်နှင်းမမက သတိထားမိနေတာကြာပြီ။

ဖုန်းတကိုင်ကိုင်နဲ့ ဖုန်းကိုလည်းခဏခဏ ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေတာ လွန်ခဲ့သည့်နာရီဝက်လောက်ကတည်းက။
အဝတ်အစားကိုလည်း သန့်ပြန့်နေအောင်ဝတ်ထားပြီး စတိုင်ကျကျ ပြင်ထားသေးတာကလည်း ဒီညမှ ပိုပြီးတောက်ပခန့်ညားနေသလိုပင်။

ဒေါ်နှင်းမမက မင်းအဏ္ဏဝါအနားရှိ ဆိုဖာပေါ်တွင် သွားထိုင်လိုက်ပြီး စားမေးပွဲအဖြေစောင့်သလို ဖင်တမမဖြစ်နေသည့်သားဖြစ်သူအစား မောနေဟန်သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ

"သားရယ် မင့်မြင်ရတာ မောလိုက်တာ... ဘာတွေ စိတ်ပူတကြီး ကိစ္စကြားရမှာမို့လို့တုံး"

အမေဖြစ်သူကတော့ မေးလိုက်ပေမယ့် မင်းအဏ္ဏဝါမှာ ချက်ချင်းပြန်မဖြေနိုင်သေး။
နာရီကိုကြည့်လိုက်မိပြီး ရင်ထဲဂဏာမငြိမ်ဖြစ်နေမှုကသာ ပိုပြီးတိုးလို့လာနေချေသည်။

အခုအချိန်က ၇နာရီကို ၂၅မိနစ်စွန်းနေပြီလေ။
တစ်ယောက်သောသူဆီက ဖုန်းကို သူမျှော်လင့်နေခဲ့တာ။ ငြင်းတာပဲဖြစ်ဖြစ်၊ လက်ခံတာပဲဖြစ်ဖြစ် အတည်ပြုအဖြေတစ်ခုကို သူကြားရဖို့စောင့်နေမိတာ ဒီနေ့တစ်နေ့လုံးပဲလေ။

ဒီညတွေ့ကြဖို့ သူ့ရှန်းလေးကို သူခွင့်ပန်ခဲ့တုန်းက အငြင်းစကားကိုသာရခဲ့ပေမယ့် မင်းအဏ္ဏဝါမှာ မျှော်လင့်နေမိတုန်းပဲ။ ဒါပေမယ့် တစ်နေကုန် စာတစ်စောင်၊ ဖုန်းတစ်ချက်လေးတောင်မခေါ်ဘဲ မျက်ကွယ်ပြုထားနိုင်သူက တကယ်သွေးအေးလွန်းတာပါပင်။

သူလှမ်းမေးလိုက်လို့ရတယ်ဆိုပေမယ့် အချိန်ဇယားမလပ်ဘူးဆိုသည့်သူဌေးလေးကို နှောင့်ယှက်မိမှာမျိုးမဖြစ်ချင်သလို အရမ်းကြီးလောနေသည့်ပုံပေါက်သွားမှာလည်းမလိုလားချေ။

ဒါပေမယ့် သူကတော့ မျှော်လင့်ချက်ထားပြီး အကုန်လုံးတောင် ပြင်ဆင်ပြီးသွားပြီ။
သူ့ရှန်းလေး လက်မခံခဲ့လျှင်လည်း သူစိတ်မပျက်ပါဘူး။ နောက်နေ့တွေကို ထပ်မျှော်နေမှာပါပဲ။
ပြီးတော့ အကယ်၍... ဆိုပြီးတော့လည်း မျှော်လင့်ချက်သေးသေးလေးကို သူထားမိနေသေး၏။

"My Only One" ✔️Where stories live. Discover now