အပိုင်း (၇၂၄) - တည်ဆောက်မှုစတင်ခြင်း

2.2K 262 0
                                    

Zawgyi


ရှီမာယူယူ၏ နှာမှုတ်လိုက်သံသည် ထိုလူများ၏ သုံးသပ်နေမှုကို အနှောင့်အယှက်ဖြစ်သွားလေသည်။ သူတို့သည် သူမကို ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အထင်သေးစွာကြည့်လေသည်။

"ဟင် ပုရွက်ဆိတ်အသေးလေးက ဒီလိုပြောရဲတဲ့သတ္တိရှိနေတာပဲ" အမျိုးသမီးကြီးတစ်ယောက်က ပြော လေသည်။

"မင်းမှာ ဒဏ္ဍာရီလာဂဠုန်ငှက်ရှိတယ်ဆိုပေမယ့် မင်းနဲ့မင်းရဲ့စာချုပ် မိစ္ဆာက ဒီမှာဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ အမှောင်တောထဲမှာ ငှက်မျိုးနွယ် တွေရှိတယ်ဆိုပေမယ့် အရမ်းမကြီးတဲ့မျိုးနွယ်တွေပဲ၊ အဲတော့ မင်းရဲ့ ဂဠုန်ဘုရင်က အသုံးမဝင်ဘူးပဲ၊ မင်း မင်္ဂလာသားရဲကို လိမ်လိမ်မာမာနဲ့ ပေးလိုက်တာကောင်းမယ်၊ ငါတို့ မင်းကို အသက်ရှင်ခွင့်ပေးမယ်"

ထိုစကားများကိုကြားသောအခါ ရှီမာယူယူ စိတ်ပေါ့သွားကာ "ခင်ဗျားတို့က ကျွန်တော့်မိသားစုဝင်ကို လည်းယူချင်သေးတယ် မှန်နေ သလိုလည်း လုပ်နေသေးတယ်၊ ခင်ဗျားတို့က ဝိဥာဉ်စွမ်းအင်ကိုတင် ကျင့်ကြံ တာမဟုတ်ပဲ အရေထူအောင်လည်း အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ တယ်ထင်တယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့မှာလဲ"

"ကောင်စုတ်လေး" အဘိုးကြီးသည် ရှီမာယူယူပြောလိုက်သော စကားကြောင့် ကြောင်သွားကာ ရှီမာယူယူဆီသို့ ဝိဥာဉ်စွမ်းအင်ပစ်လိုက် လေသည်။

ရှီမာယူယူသည် တုလေးနှင့် ရှောင်ချီကိုနောက်ပြန်ဆွဲလိုက်သည်။ ဝိဥာဉ်စွမ်းအင်သည် ကျောက်တုံး အနက်ပေါ်သို့ကျသွားသည်။ ဝိဥာဉ် အတားအဆီးကာထားသော ကန်တွင် လှိုင်းဂယက်များထသွားလေသည်။

ထိုတည်ဆောက်မှုမှာ ဖန်လိုင်ထားသွားသော အရာဖြစ်သည်။ တုလေး ပတ်ဝန်းကျင်မှဝိဥာဉ်စွမ်းအင်ကို စုပ်ယူလိုက်ခြင်းကြောင့် ကျဆုံးသွား သော်လည်း မပျက်စီးသေးပေ။ သူမ ရပ်နေသောနေရာသည် တည်ဆောက် မှု စတင်သော ကျောက်တုံးဖြစ်သည်။ ဝိဥာဉ်စွမ်းအင် ကျောက်တုံး ပေါ်ကျရောက်သောအခါ တည်ဆောက်မှုသည် အလိုလိုအသက်ဝင် လာသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now