အပိုင်း (၇၉၅) - စံထားလောက်ရသော အိပ်ခြင်း

1.8K 258 6
                                    

Zawgyi


ရှုယွမ်ယွမ် ပြောသည့် အောက်ကလူများကိုတွေ့ခဲ့သည်ဆိုသော စကားမှာ ကျင်းဝမ်နှင့် တခြားသူများကို ရည်ညွန်းခြင်းဖြစ်နိုင်သည်။ ဆိုလိုသည်မှာ သူတို့၏ ရည်ရွယ်ချက်မှာတူညီနေသည်။ ခရမ်းရောင်နုံးမြေ... ထိုနေရာသည် ခရမ်းရောင်သတ္တဝါများ၊ နုံးနှင့်တူသော ခရမ်းရောင်ရေများဖြင့် ဖုံး လွှမ်းထားသောကြောင့် ခရမ်းရောင်နုံးမြေဟု ခေါ်တွင်ခြင်းဖြစ်သည်။

သူတို့သွားလိုသောနေရာမှာ ကျားလင်းမြို့နှင့် သိပ်မဝေးပေ။ သူတို့အဖွဲ့သည် တစ်ရက် လောက်ပျံသန်းပြီးသည်နှင့် ဦးတည်ရာနေရာသို့ ရောက်လေသည်။

ခရမ်းရောင်နုံးမြေသည် အထူးတလည်ကြီးမားသည်မဟုတ်သော်လည်း အကျယ်အဝန်းမှာ မိုင် ၁သိန်းဝန်းကျင်လောက်ရှိသသည်။ သို့သော် ထိုနုံးမြေ နောက်ထံတွင် ရှည်လျားပြီးကြီးမားသော တောင်တန်းရှိသဖြင့် အဝေးမှ မြင်နိုင်သည်။

အတွေ့အကြုံရလိုပါက အနောက်မှ တောင်တန်းဆီသို့သွားနိုင်သည်။ ထိုနေရာတွင် အခွင့်အရေးများနှင့် ရတနာများစွာရှိသည်။ သို့သော် ခရမ်းရောင်နုံးမြေသည် မသိနိုင်သော စွန့်စားမှု များစွာရှိသဖြင့် လူများလာ ခဲသည်။

သူတို့သည် မိစ္ဆာပျံများမှဆင်းလိုက်သည်နှင့် ချက်ချင်းပင် ကုန်တောင် ကြားမှ မျိုးနွယ်ဝင်များ သည် သူတို့ဆီသို့ လာကြလေသည်။

"မိန်းကလေး"

"ကျင်းဝမ်နဲ့ ကျန်တဲ့လူတွေဘယ်လိုလဲ" ကုန်ရှန်ယိ မေးလိုက်သည်။

"သူတို့ တောင့်မခံနိုင်တော့ဘူးလို့ သတင်းပို့ထားတယ်၊ အထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေအများကြီးက သူတို့ကိုဝိုင်းထားကြတယ်၊ ကျွန်တော် တို့ တည်ဆောက်မှုကို မဖျက်ဆီးပစ်ဘူးဆိုရင် သူတို့..."

"ယူယူ...." ကုန်ရှန်ယိသည် ရှီမာယူယူအား ကြည့်လိုကသည်။

ရှီမာယူယူသည် သူမအား ခေါင်းညိမ့်ပြပြီး ပြောလိုက်သည် "ငါ အကောင်းဆုံးကြိုးစားပါမယ် ဒီဆရာနှစ်ယောက်ရှိနေတယ်ဆိုရင် အောင် မြင်မှုရာခိုင်နှုန်းလည်းမြင့်ပါတယ်၊ ငါ သူတို့နဲ့ အတူသွား ကြည့်လိုက်မယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now