အပိုင်း (၇၄၈) - မိတ်ဆွေဟောင်းအားပြန်တွေ့ခြင်း

1.9K 260 0
                                    

Zawgyi


"ဝိဥာဉ်စားမိစ္ဆာက တစ္ဆေလောကမှာရှိခဲ့တာပဲ" အိမ်မက်လေး ပြော လေသည် "ဒါပေမဲ့ သူတို့က လူသားလောကကို မလာနိုင်ဘူး၊ သူတို့က နတ်ဆိုးလောကကိုတော့ သွားလေ့ရှိတယ်၊ အဲဒါကြောင့် ဒါကနတ်ဆိုး လောကမှာတော့ မထူးဆန်းဘူး"

"တစ္ဆေလောကနဲ့ နတ်ဆိုးလောက ၂ခုလုံးမှာရှိတာတော့ အမှန်ပဲ" ရှီမာယူယူ ပြောလိုက်သည် "ဒီအကြောင်းဆွေးနွေးဖို့ အချိန်ကောင်း မဟုတ်ဘူး၊ ပြိုင်ဘက်က အရမ်းရက်စက်တယ် ထင်ကြေးပြောရရင်တော့ ပေါ့သေးသေးတော့မဟုတ်ဘူး"

"နောက်တစ်မျိုးပြောရရင်တော့ အနီရောင်တောင်ထိပ်ကထူးဆန်းတာ တွေက တစ္ဆေလောကကလူတွေကြောင့်ဖြစ်လာတာပေါ့" ဝေကျိရွှီ နိဂုံးချုပ် လေသည်။

"ဝိဥာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းစုပ်ယူခံလိုက်ရပြီဆိုရင် အဲလူက စိတ် ချွတ်ယွင်းပြီး အရူးတစ်ပိုင်းဖြစ်သွားတာပဲ" အိမ်မက်လေးပြောလေသည်။

"အစတုန်းကတော့ အနီရောင်တောင်ထိပ်မှာ စိတ်ချွတ်ယွင်းတဲ့လူတွေ များတယ်၊ နောက်တော့ အသေအပျောက်များလာတယ်၊ အစတုန်းကတော့ အနီရောင်တောင်ထိပ်မှာပဲလှုပ်ရှားပြီးတော့ အခုကျ နယ်နိမိတ်အထိ ပါပြန့်လာပြီ၊ အဲဒါက အခြေအနေတွေက ပိုပိုပြီးအန္တရာယ်များလာတာကို ပြနေတာပဲ" ရှီမာယူရန် ပြောလိုက်သည်။

"တစ္ဆေလောကကဘာလုပ်ဖို့ကြိုးစားနေတာလဲ" ဖက်တီးကျူ မေး လိုက်သည် "သူတို့က လူသား နယ်နိမိတ်ကို အပိုင်စီးချင်တာလား"

ဖန်ယိသည် ဆွေးနွေးနေသည်ကိုနားထောင်ရင်းနှင့် ရုတ်တရက် ရွာ အဝင်ပေါက်ကိုကြည့်လိုက်သည်။ သူအော်လိုက်သည် "ဘယ်သူလဲ"

"တစ္ဆေလောကကလူတွေ အခုထိ ထွက်မသွားသေးတာလား" ရှီမာယူလီ ခန့်မှန်းလေသည်။

"မဟုတ်ဘူး လူပဲ" ရှီမာယူယူသည် ရွာအပြင်ဘက်ရှိလှုပ်ရှားမှုကို အာရုံခံမိသည်။ "သူတို့လည်း ငါတို့လိုပဲ ရွာနားကိုလာပြီး သတင်းလာ စုံစမ်းတာဖြစ်လောက်တယ်"

ထိုအချိန်တွင် တစ်ဖက်လူမှာလည်း သူတို့ရှိနေသည်ကို တွေ့သွား လေသည်။ အဖွဲ့လိုက် ပြေးလာကြ လေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now