အပိုင်း (၇၅၄) - တစ္ဆေ တစ်ရာအောင်လံတော်

1.9K 250 2
                                    

Zawgyi


ရှီမာယူယူသည် လျှပ်စီးဝိဥာဉ်စွမ်းအင်ကိုလွှတ်လိုက်ရာ လေထဲမှ တိမ်တိုက်မည်းများသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။ သူမ သည် ထိုလူရှိခဲ့သောနေရာကိုကြည့်လိုက်သော်လည်း တောင်ထိပ်ကို ကြည့် လိုက်ချိန်တွင် ထိုလူသည် ပျောက်ကွယ်သွားခဲ့လေပြီ။

"အိမ်မက်လေး မင်းဘာမြင်လိုက်လဲ" ရှီမာယူယူသည် အိမ်မက်လေး ကိုခေါ်ထုတ်ကာ မေးလိုက်သည်။

အိမ်မက်လေးသည် သူမဘေးတွင်ပေါ်လာသည်။ သူမ၏ မျက်နှာသေး သေးလေးသည် ရိုးသားခြင်း ကင်းမဲ့သော်လည်း ကြောက်စရာမကောင်းပဲ တခြားသူများကို လှည့်ဖျားသည့်ပုံမျိုးဖြစ်နေသည်။ သို့သော် သူမသည် တည်ငြိမ်စွာဖြင့် ထိုနေရာကိုကြည့်ပြီးပြောလေသည် "ယူယူ အိမ်မက်လေး မမှားဘူးဆိုရင် အဲဒါက တစ္ဆေတစ်ရာ အောင်လံတော်ပဲ"

"တစ္ဆေတစ်ရာ အောင်လံတော်ဟုတ်လား၊ အဲဒါဘာလဲ ကြောက်စရာ ကောင်းလား" ရှီမာယူယူသည် အိမ်မက်လေး၏ မျက်နှာမှအကြည့်ကို မြင်သောအခါ သာမန်ပစ္စည်းမဟုတ်ကြောင်းခန့်မှန်းမိသည်။

"ဝိဥာဉ်တွေပေါင်းစပ်တာကနေ လုပ်ထားတဲ့လက်နက်ပဲ" အိမ်မက်လေး ပြောလိုက်သည် "အိမ်မက်လေးတို့ရဲ့ မှတ်ဥာဏ်ထဲမှာ အဲဒါကို အထူး တလည်မှတ်ထားတာမရှိဘူး ဒါပေမဲ့ တစ္ဆေတစ်ရာအောင်လံတော်ကိုတွေ့ တာနဲ့ ရှောင်ရမယ်လို့ သိကြတယ်၊ အိမ်မက်လေးတို့ အဲဒါကို မတိုက်နိုင် ကြဘူး"

"မင်းတို့် မှတ်ဥာဏ်ထဲမှာ အဲလိုမျိုးရှိတာလား"

"နတ်ဆိုးနဲ့ တစ္ဆေလောကက သတ်မှတ်ချက်တွေက လူသားကမ္ဘာေ လာက် မခက်ခဲဘူး၊ သူတို့က အပြန် အလှန်လည်း သက်ရောက်မှုရှိတယ်" အိမ်မက်လေး ပြောလေသည် "အဲဒါကြောင့် နတ်ဆိုးလောကက တစ္ဆေ လောကအကြောင်းကို တစ်ခုနှစ်ခုပဲသိကြတယ် ဒါပေမဲ့ သူတို့ကလောက တစ်ခုထဲကလားဆိုတာတော့ မသေချာဘူး"

"မင်းမှတ်ဥာဏ်ထဲမှာအဲလိုဆိုတော့ အဲပစ္စည်းကအရမ်းအားကောင်း လို့ပဲ" ရှီမာယူယူသည်မေးစေ့ကို ကိုင်လိုက်သည် "အဲတော့ နတ်ဆိုး ဝိဥာဉ်တွေအများကြီးက လက်ရှိမှာစုပ်ယူခံထားရတယ်၊ အဲဒါက နတ်ဆိုး တစ္ဆေတွေကို ပေါင်းကူးပေးတာဖြစ်ရမယ်၊ အဲဒါသာ ငါ့လက်ထဲရောက်လာ မယ်ဆိုရင် တစ္ဆေလောကက ငါ့ကို ပြန်ပြောရဲတော့မှာမဟုတ်ဘူး၊ ငါသဘော မကျတဲ့လူဆိုရင် နတ်ဆိုးတစ္ဆေတွေလွှတ်ပေးလိုက်ရုံပဲ ဟားဟားဟား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now