Zawgyi
အခန်း (၁၀)
အပိုင်း (၈၆၄) – ကြော့မော့သော ယောက်ျားလေးများနှင့် လှပသော မိန်းကလေးများ
ထိုအချိန်တွင် သူတို့သည် အသွင်ပြောင်းသောလက္ခဏာဖြစ်သော အလင်းတန်းတွင် မြှုပ်နေသဖြင့် ထိုနေရာတွင် ဘာတွေဖြစ်နေသည်ကို ရှင်းလင်းစွာ မမြင်ရပေ။ သို့သော် သူတို့ရောင်ဝါများ သန်မာလာသည်ကို သူမ မြင်နိုင်သည်။
အစောပိုင်းက သူတို့၏ အားနည်းမှုသည် ချက်ချင်းပင် ကုစားပြီးဖြစ် သွားသည်။
အလင်းတန်းများဖျော့သွားသည်နှင့် မိစ္ဆာလေးကောင်သည် လူသား အသွင်ပြောင်းလေသည်။ သူတို့အတူတကွရပ်လုကိသည်နှင့် အမှန်တကယ် ပင် မျက်စိစူးစေသည်။
ဟိန်းသံထောင်ချီသည် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက် အသွင်ပြောင်းသွားသည်။ သူ၏ မြေခွေးမျက်လုံးများသည် လူတစ်ယောက်၏ ဝိဥာဉ်ကို ဖမ်းစားနိုင်သည်။
ရာဟွောင်သည် ကြံ့ခိုင်သောအမျိုးသားတစ်ယောက် အသွင်ပြောင်း သွားကာ အာရုံငါးပါးကိုရူးသွားစေလောက်သည်။ လှပသည်ဟူသော ခံစား ချက်ကိုပေးစွမ်းသည်။
ပန်းလေး၏ မူလခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသော်လည်း အခု မှာ လှပပြီးချစ်စရာကောင်းသူအဖြစ်ပြောင်းသွားသည်။ သူ၏ သွေးဆာနေ သောမျက်လုံးများပါ ပြောင်းသွားလျှင် ပိုကောင်းမည်။ သို့သော် သူသည် လူသားများနှင့် နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးများစွာကိုစားသောက်ခဲ့သဖြင့် ပြောင်းလဲရန်ခက်ခဲလေသည်။
နီရဲပျားဘုရင်မသည် သေးငယ်သောအကောင်လေးဖြစ်ခဲ့သော်လည်း သူမ၏ လူသားအသွင်မှာ တခြားသောဝိဥာဉ်မိစ္ဆာများကို မရှုံးပေ။ သူမ၏ ပုံပန်းသဏ္ဍာန်သည် ပန်းလေးနှင့်ဆင်သည်။ ဟိုဘက်ခေတ်ကမ္ဘာမှ အနောက်တိုင်း နှင့် အရှေ့တိုင်းလူများကဲ့သို့ ခံစားချက်မျိုးရသည်။
"ယူယူ ငါတို့လုပ်နိုင်သွားပြီ" ပန်းလေးသည် ပျော်ရွှင်စွာ အော်လေ သည် "ငါတို့နောက်တစ်ခါကျရင် လူသားပုံစံကိုထုတ်ပြလို့ရတော့မယ်"

YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5
AdventureBook-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...