အပိုင်း (၈၁၂) - စီနီယာအစ်ကိုကြီး၏ သရုပ်မှန်

1.9K 260 6
                                    

Zawgyi


"စီနီယာအစ်ကိုကြီး" စူးရှောင်ရှောင်သည် ကျန်းကျူကျိအားကြည့်လိုက် သည် "အဆင်ပြေရဲ့လား"

"ပြေတာပေါ့" ကျန်းကျူကျိ ပြန်ဖြေလေသည် "ရှောင်ရှောင် ငါတို့က ဆရာတူညီအစ်ကိုဖြစ်လာ တာဒီလောက်ကြာနေပြီ ငါ့ကိုမတားတော့ဘူး မလား"

"စီနီယာအစ်ကိုကြီး ဒီနတ်ဆိုးဓားကိုထုတ်လို့မရဘူး" စူးရှောင်ရှောင် ပြောလေသည် "ထုတ်မယ် ဆိုရင် ကျွန်တော်တို့ စီနီယာ့ကိုတားရလိမ့်မယ်"

"ငါ့ကိုဘယ်လိုတားမှာလဲ ငါ့ကို မင်းမနိုင်ပါဘူး" ကျန်းကျူကျိသည် ဂရုမစိုက်သလို ပခုံးတွန့်လေ သည်။

"ကျန်းကျူကျိ ဘာလို့ဒါကိုထုတ်မယ်ဆိုပြီး ခေါင်းမာနေတာလဲ ကျန်း မျိုးနွယ်အတွက်လား" ဟန့်မြောင်ရွှမ်သည် သူ့ကိုပိုရင်းနှီးကာ ညှိုးငယ်သော မျက်နှာထားဖြင့် ကြည့်လေသည်။

"ကျန်းမျိုးနွယ်ဟုတ်လား" ကျန်းကျူကျိသည် ပြုံးကာ ပြောလေသည် "ငါက ကျန်းမျိုးနွယ်နဲ့ ဘာပတ်သတ်မှုမှမရှိဘူး"

"ဘာပြောလိုက်တာလဲ"

"အဲငတုံးကျန်းကျူကျိက ငါ့လောက် ဘယ်လိုလုပ်ဥာဏ်ကောင်းမှာလဲ" ကျန်းကျူကျိ ပြောလေ သည် "ငါက သူ့သရုပ်မှန်ကိုသုံးရုံပဲ"

"မင်းဘယ်သူလဲ"

"မင်းတို့ ဟန်မျိုးနွယ်နဲ့ ငါတို့ကျန်းမျိုးနွယ်တို့က မျိုးဆက်ပေါင်းများစွာ အဆက်အဆံရှိခဲ့တာ၊ မင်းက ကျန်းကျူကျိကိုသိတယ်ဆိုတော့ ဒါဆိုရင် ကျန်းကျူကျိမှာ အမွှာညီ ကျန်းကျူရှန်ရှိတယ်ဆိုတာ သိလား"

"မင်းကအဲဒီ..." ဟန့်မြောင်ရွှမ်သည် ကျန်းကျူကျိအား ကြည့်ပြီး မယုံကြည်စွာပြောလေသည် "သူသေသွားပြီလို့ပြောကြတယ်မလား"

ကျန်းကျူကျိ မဟုတ်သေးဘူး.... ကျန်းကျူရှန့်သည် သူမပြောလိုက် သောစကားကိုကြားသောအခါ ပြုံးလိုက်သည်။ သူ၏ အပြုံးသည် ရန်ပြုလို သောအရိပ်အယောင်ပါကာ ပြင်းထန်စွာ နာကျင်မှုရောယှက်နေသည်။

"သေသွားပြီဟုတ်လား မဟုတ်ဘူး ငါမသေဘူး၊ ဒါပေမဲ့ ငါသေဖို့ေ မျှာ်လင့်နေတဲ့ တစ်ယောက်တော့ရှိတယ်၊ အဲလိုနဲ့ သူက ကျန်းမျိုးနွယ် လူငယ်တွေထဲမှာ အဆင့်၁ဖြစ်လာခဲ့တယ်" ကျန်းကျူကျိ သည် ခေါင်းရမ်း ပြီးပြောလေသည် "သူတင်မဟုတ်သေးဘူး တခြားသူတွေလည်း အဲလိုပဲ တွေးကြတယ် အဲဒါကြောင့် သူတို့က သူ့ရဲ့အဆိပ်သင့်နေတဲ့သွေးကိုလဲဖို့ ငါ့သွေးကိုသုံးခဲ့ကြတယ်၊ သူ့ကို အသက်ရှင်စေချင်ကြတယ်၊ ဒါပေမဲ့ အသက်ရှင်ကျန်တဲ့လူက ငါဖြစ်မယ်လို့ ဘယ်သူမှမထင်ကြဘူး ဟားဟား ဟား"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now