အပိုင်း (၈၀၁) - အနောက်မှလူများ

1.8K 248 0
                                    

Zawgyi


ထိုလူများသည် အနက်ရောင်များဝတ်ဆင်ထားကာ မျက်လုံးများသာ ဖော်ထားသည်။ သူတို့အကြည့်များသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်ကာ သူတို့ဆီမှ အေးစက်သောရောင်ဝါများထွက်နေ သည်။

"အစီအစဉ်တော့ မအောင်မြင်တော့ဘူးထင်တယ်" မျက်လုံးထောင့် တွင် အနာရွတ်နှင့် တာဝန်ကျလူသည် ပြောလေသည်။ သူ၏ မျက်လုံးမှာမှေး နေသော်လည်း သူ့အကြည့်သည် လူအများကို ကြောက်လန့်စေသည်။

"အဲလူတွေ အဲနေရာကနေထွက်နိုင်မယ်လို့ထင်မထားဘူး" အပြာရောင် ဝတ်ထားသော လူသည် မှတ်ချက်ပေးလေသည်။

"သူတို့က ကောင်းကင်ဂိုဏ်းကပဲ ငါတို့်ဒီနေရာမှာမနေရတော့ မှာပဲစိုးတာ"

"ငါတို့သခင်ရဲ့ မစ်ရှင်ကိုမပြီးသေးဘူး၊ ငါတို့ပြန်သွားရင်..."

ထိုအကြောင်းအားပြောလျှင် ထိုလူများသည် ဒေါသနှင့် ကြောက်ရွံ့ မှုများရောနှောနေသည်။

"အထဲကိုကြည့်ရအောင်၊ ဒီနေရာကို ကယ်လို့မရရင်တောင် ဒီကပစ္စည်း တွေတော့ ရကောင်းပါရဲ့၊ တခြားနေရာပြောင်းပြီး ထားရမယ်"

သူတို့သည် မြေအောက်သင်္ချိုင်းသို့သွားလေသည်။ ဝင်ပြီးနောက်တွင် သူတို့ထင်ထားသည့် အတိုင်းပင် ဘာမှမတွေ့ရပေ။

"ချီဝိဥာဉ်တွေရော" အားလုံး တုန်လှုပ်သွားကြသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ချီဝိဥာဉ်တွေအများကြိးကို သူတို့မှာ လျှပ်စီး အရည်အချင်းဝိဥာဉ် သခင်လည်းမများပဲနဲ့၊ အောက်ကနေပြန်တက်လာနိုင်တဲ့ သူက ရှားတယ်၊ ဘယ်လိုဖြစ်ပြီး သူတို့က ချီဝိဥာဉ်တွေအားလုံးကို သတ်နိုင်မှာလဲ" တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ပြောလေသည်။

"အကုန်သွားပြီပဲ" တာဝန်ကျလူသည် လေချွန်လိုက်သည်။ ဝိဥာဉ်လ လက်နက်ကြောင့်မဟုန်ရင် သူ့ကြောင့် ဖျက်ဆီးခံလိုက်ရတာဖြစ်မယ်။

"ချီဝိဥာဉ်တွေအများကြီးပဲကို သူတို့အကုန်သေကုန်တာလား ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now