အပိုင်း (၇၅၃) - ဖြောင့်မတ်သော နေမင်းဂိုဏ်းခေါင်းဆောင်

1.8K 243 0
                                    

Zawgyi


"နောက်တော့ ကျွန်တော်လူလွှတ်ပြီး စစ်ဆေးခိုင်းကြည့်တယ် အဲလူက တကယ်ပဲ ရှီမာယူယူလို့ခေါ်တယ်" ရှောင်ယိ ပြောလိုက်သည် "ဘာလို့လဲ သခင်လေးချုံ သူ့ကိုသိတာလား"

"သိတာပေါ့ဗျာ" ချုံရှောင်ထိန် ပြန်ဖြေလေသည် "တစ္ဆေမျိုးနွယ်ရှိ နေတာကို မိတ်ဆွေတစ်ယောက်ပြော ပြတယ်ဆိုပြီး ကျွန်တော့ စီနီယာတွေ ကို ပြောပြီးသွားပြီ၊ ပြောပြတယ်ဆိုပေမယ့် ညွှန်ကြားချက်ပေါ့ဗျာ၊ အဲဒါကို ယူယူပြောပြခဲ့တာ"

"သူ မင်းကိုဒီ့ထက်အရင်ပြောထားတာလား" ဝမ်ရှီမေးလိုက်သည်။

"ဟုတ်ကဲ့ ဂိုဏ်းသခင်" ချုံရှောင်ထိန်သည် ရှီမာယူယူတို့နှင့် ရွာငယ် တွင်တွေ့ဆုံခဲ့သောအချိန်ကို ပြန် တွက်လိုက်သည်။

"ရှောင်ထန် မင်းသူ့ကိုဘယ်လိုသိတာလဲ" ယုထန်ယွမ်မေးလေသည်။

"ဆရာ ကျွန်တော်အရင်ကပြောဖူးတယ်လေ၊ ကောင်းကင်ကျား တောင်တန်းမှာတုန်းက သူ့အကူအညီနဲ့ပဲ ကျွန်တော်လွှတ်ခဲ့တာ" ချုံရှောင်ထန် ပြောလိုက်သည်။

"မင်းအရင်ကပြောခဲ့တာ လူတစ်စုကမင်းကိုကယ်လိုက်တာဆို" ယုထန်ယွမ် ပြောလေသည်။

"မင်းက မူဂန်းကိုပြောထားတာကို သူကဘာလို့ဂိုဏ်းကိုသတင်းမပို့ တာလဲ" ဝမ်ရှီသည် မျက်နှာထား တင်းထားကာ မေးလေသည်။

"စီနီယာတွေက အဲဒါကိုမှားတယ်လို့ထင်နေကြတာမို့လို့ပါ၊ တစ္ဆေေ လာကကလူတွေ ဒီကိုရောက်လာ တယ်ဆိုတာကို သူတို့ကမဖြစ်နိုင်ဘူးလို့ ထင်နေကြတာ၊ အဲလိုနဲ့ သူက ကျွန်တော့်ကိုလျှောက်မပြောဖို့တားထား တာ၊ ဒီအကြောင်းကို ဆရာကိုသူတို့ပြောမယ်လို့ပြောတယ် ကျွန်တော့်ကိုမစိုးရိမ်နဲ့ တဲ့၊ တကယ်ပဲ ဆရာ့ကို သတင်းပို့မယ်ထင်နေတာ" ချုံရှောင်ထန်သည် သူ့အတွေးများကိုပြောရင်း အောက်ကိုငိုက်စိုက်ကြည့်နေလေ သည်။

မင်းတို့က ငါ့ကိုအမြဲအထင်သေးခဲ့တာ... ဒီတစ်ခါကို အကုန်မပြော လိုက်ရင် ငါ့နာမည်က ချုံရှောင်ထန် မဟုတ်တော့ဘူး။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now