Zawgyi
အပိုင်း (၇၆၂) – အရင်ကတစ္ဆေဘုရင်ကိုသတ်ဖူးခြင်း
ချူမျိုးနွယ်ဝင်များ ငိုနေချိန်တွင် ရှီမာယူယူနှင့် တခြားသူများသည် ဒေါသထွက်နေကြသည်။ မြေအောက်ခန်းမှ အခြေအနေသည် ပြင်းထန်နေ သည်။
"ပြန်တိုက်ကြမယ်" ရှီမာယူယူပြောလိုက်သောစကားသည် တိတ်ဆိတ် မှုကို ဖြိုခွဲလိုက်သည်။
"ပြန်တိုက်မယ်ဟုတ်လား၊ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ၊ အနီရောင် တောင်ထိပ်မှာ ဒီလောက်အများကြီး ပြန်တိုက်ပြီးပြီ ဒါပေမဲ့ မအောင်မြင်ခဲ့ ကြဘူး၊ အခု ကျွန်မတို့ကလူနည်းနည်းလေး၊ ဘယ်လိုလုပ်မှာလဲ" ယုချင်း သည် နီရဲသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလေသည်။
"သေချာအစီအစဉ်ဆွဲမယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ သိရမှာပဲ" ရှီမာယူယူ ပြောလိုက်သည် "ကျွန်တော်တို့ရဲ့ မတူညီတဲ့အရည်ချင်းတွေ နဲ့ဆိုရင် မတူတာတွေလုပ်နိုင်မှာပဲ၊ အချိန်ရောက်လာရင် တစ္ဆေမျိုးနွယ်ဝင် တွေကို သတ်ပြီး နောက်ထပ်လူသားလောကကို လာပြီးမရှုပ်ရဲအောင်ပြ ပေးရမယ်"
"အစီအစဉ်ကဘာလဲ" အပြာရောင်ဓားသွား ပြောလိုက်သည်။
သူ ဘာကြောင့်လဲတော့မသိပေ။ သူမအပြုအမူကိုမြင်လိုက်ချိန်တွင် မသိစိတ်မှ ယုံကြည်မိသည်။
"သေချာတွေးပြီး အစီအစဉ်ဆွဲဖို့တော့လိုမယ်" ရှီမာယူယူ ပြောလိုက် သည် "ခင်ဗျားတို့က အတားအဆီးကိုဖွင့်ရမယ်၊ ဒီမှာ တစ်နှစ်ကျော် လောက်ရှိနေတဲ့ ဝိဥာဉ်ကျောက်တုံးတွေရှိတယ်"
"ကျွန်မလည်း ရှင်တို့နဲ့လိုက်ခဲ့မယ်" ချူလျူပြောလိုက်သည် "ကျွန်မမိဘ တွေအတွက် လက်တုန့်ပြန်ချင်တယ်"
"ဒါပေမဲ့ မင်းမိဘတွေက မင်းတို့ကိုအသက်ရှင်စေချင်လို့ ဒီမှာနေခိုင်းခဲ့ တာ၊ အပြင်မှာအရမ်းအန္တရာယ်များတယ်၊ တစ်ခုခုဖြစ်မယ်ဆိုရင်..." ရှီမာယူယူ ပြောလိုက်သည်။
"ကိစ္စမရှိဘူး ချူမျိုးနွယ်က တစ်ယောက်ယောက်အသက်ရှင်နေ တယ်ဆိုရင် ကျွန်မတို့ သွေးသားမပြတ်ပါဘူး၊ ငါ အပြင်ထွက်မယ် ရီ နင်ဒီမှာနေပြီးမောင်လေးတို့ကို သေချာဂရုစိုက်" ချူလျူ ပြောလိုက်သည်။

YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5
AdventureBook-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...