အပိုင်း (၈၂၂) - ကြောက်စရာကောင်းသော နောက်ခံ

1.8K 246 2
                                    

Zawgyi


"ဘာပြောလိုက်တာလဲ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကလေးတစ်ယောက်က ဘယ်လိုလုပ်အဲလို အရည်အချင်းတွေ အများ ကြီးရှိနိုင်ရတာလဲ"

ခန်းမထဲရှိလူများသည် တက်ကြွမှုများဖြင့် ပြည့်သွားလေသည်။ ဒီကမ္ဘာ မှာဘယ်လိုလုပ် အဲလောက် အင်အားကြီးတဲ့လူရှိနေတာလဲ။

မယုံနိုင်စရာကောင်းလိုက်တာ။

"သေချာရဲ့လာ" ရှီချန်းကျိ မေးလေသည်။

"သူ့နားမှာ ဝိဥာဉ်မိစ္ဆာတွေအများကြီးရှိတယ်၊ ပြီးတော့ သူတို့ေ သွးသားနဲ့ အဆင့်တွေလည်း ကောင်းကြတယ်" ကျန်းကျူရှန့် ပြန်ဖြေလေ သည် "သူသာ မိစ္ဆာထိန်းကျောင်းသူသခင်မဟုတ်ရင် ကျောင်းသား တစ်ယောက်က ဘယ်လိုလုပ် အဲလောက်အင်အားကြီးကိုပိုင်ဆိုင်နိုင်မှာလဲ"

"ဒါဆို ဝိဥာဉ်သခင်ဆိုတာကရော မင်းဘယ်လိုသိတာလဲ"

"သူ့ရဲ့ ဖန်ရွှီဆုံးဖြတ်တာက ကောင်းလွန်းတယ်၊ သူက သင်္ချိုင်းထဲက ဖန်ရွှီကို တစ်ချက်တည်းနဲ့ မြင်နိုင်တယ်၊ သူသာ ဝိဥာဉ်သခင်နဲ့ တည်ဆောက်မှုသခင်မဟုတ်ဘူးဆိုရင် ဖန်ရွှီနဲ့ ဒီလောက်ထိရင်းနှီး ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ကျန်းကျူရှန့် ပြန်ဖြေလေသည်။

"အဲလိုဆိုရင် သူက တကယ်ပဲ မိစ္ဆာထိန်းကျောင်းသူသခင်နဲ့ ဝိဥာဉ်သခင်ပေါ့" နဂါးနက် နန်းတော်သခင် ပြောလေသည်။

"ဖြစ်နိုင်ချေများတယ်" ကျန်းကျူရှန့်သည် သေချာပေါက်မပြောရဲပေ။

"အဲလူက ငါတို့အာရုံစိုက်ဖို့ ထိုက်တန်တဲ့ပုံပဲ" လူတစ်ယောက်က ပြောလေသည်။

"မင်းဂျူနီယာညီလေးက အဲလောက်အားကောင်းတာလား" ရှီချန်းကျိ တအံ့တသြမေးလေသည်။

"သူကအဲထက်တောင် အားကောင်းသေးတယ်" ကျန်းကျူရှန့်သည် ရှီမာယူယူအကြေားပြောရာ တွင် ဂုဏ်ယူသည့်လေသံအပြည့်ပါသည်။

"ဘယ်လိုလဲ"

"ကျူရှန့် မင်းရဲ့ဂျူနီယာညီလေးအကြောင်းပြောပြပါဦး" နဂါးနက် နန်းတော်သခင်သည် ပြော လေသည်။ "ဒီသခင်ကြီး အသေးစိတ်သိချင်တယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now