အပိုင်း (၈၃၃) - ရှောင်ချီ၏ထင်မြင်ချက်

2.1K 272 8
                                    

Zawgyi


သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမသည် ရှောင်ချီကို လက်နက် အဖြစ်အသုံးမပြုချင်ပေ။

"ရှောင်ချီ့မှာ အာမခံဖို့နည်းလမ်းမရှိဘူး၊ ဒီမှာလူသေယူလာတော့လည်း ဘာဖြစ်လဲ၊ သူ့ကို အသက်ပြန်ရှင်အောင် ရှောင်ချီကဘယ်လိုလုပ်ရမှာလဲ" ရှောင်ချီပြောလေသည်။

"မဟုတ်ပါဘူး ငါကဘာလို့အဲလိုအဓိပ္ပာယ်မရှိတာလုပ်ရမှာလဲ" ရှီချန်ကျိ ပြောလေသည် "သူက မင်းရဲ့အနံ့လေးရရင်ကို ပြန်ကောင်းလာမယ်လို့ ငါတို့သမားတော်ကပြောတယ်"

"သူမပျောက်ဘူးဆိုရင် ရှောင်ချီ့ကိုအပြစ်မတင်နဲ့ မင်းနဲ့ ယူယူနဲ့ သဘောတူညီမှုက အကျုံးဝင် တုန်းပဲ" ရှောင်ချီ ပြောလေသည်။

"ကောင်းပြီ သဘောတူတယ်"

ရှောင်ချီ လျင်မြန်စွာသဘောတူလိုက်သည်ကို ရှီမာယူယူမြင်သောအခါ သူမလက်ကိုဆွဲပြီး ပြောလေသည် "ရှောင်ချီ ဒါကမင်းရဲ့လုံခြုံမှုနဲ့ဆိုင် နေတယ် ဘာလို့လွယ်လွယ်နဲ့သဘောတူလိုက်တာလဲ"

ရှောင်ချီသည် ချိုသာစွာပြုံးပြီးပြောလိုက်သည် "ယူယူ့မှာလုပ်စရာတွေ များတာ ရှောင်ချီသိတယ် ယူယူ့ကိုဘယ်လိုလုပ်ဆွဲချရမှာလဲ၊ ခြိမ်းခြောက်တာ မျိုးကို ရှောင်ချီမကြိုက်ပေမယ့် သူပြောတာ မှန်တယ်၊ ရှောင်ချီ့အကြောင်း မပေါက်ကြားရင် ရှေ့လျှောက်ကိုလွယ်ကူမယ်၊ ရှောင်ချီကတော့ သူတို့ ကို မကြောက်ပေမယ့်ပေါ့၊ သူတို့လာရဲရင်လည်း ရှောင်ချီက သူတို့ကိုသတ်မှာပဲ"

"ရှောင်ချီ သူ့ရဲ့သရုပ်မှန်ကို သိတယ်ပေါ့...."

"ရှောင်ချီသဘောတူလိုက်တဲ့လူက ဘယ်သူလဲဆိုတာကိုသိပါတယ်" ရှောင်ချီ ပြောလေသည် "ရှောင်ချီ ပြောပြီးပြီမလား သူတို့က အတွင်းပိုင်း ဒေသတွေမှာ ဂုဏ်သတင်းကြီးတယ်၊ သူတို့သာ ရှောင်ချီတို့ အဲနေရာကို ဝင်ပြီးနောက် အနှစ်၅၀ကိုကာကွယ်ပေးမယ်ဆိုရင် ဝင်သွားရင်လည်း ဘာမှ ကြောက်စရာမရှိတော့ဘူး"

"ဒါပေမဲ့ ငါတို့အတွင်းပိုင်းဒေသကိုသွားချင်တယ်ဆိုရင်တောင် နောက်ထပ် နှစ်တစ်ရာလောက် ကြာဦးမယ် အဲအချိန်ကျရင် သူတို့ရှိဦးမလား ဆိုတာ မသိနိုင်ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now