အပိုင်း (၈၅၀) - ကံကြမ္မာကန္တာရအတွင်း ပြောင်းလဲမှုများ၊ ဗြောင်းဆန် မှုများ

2.3K 286 0
                                    

Zawgyi


သူတို့သဲပေါ်ကိုဖြန့်ကျက်လိုက်ကြသည်။

ထောင်ပေါင်းများစွာသော ရွှေကင်းမီးကောက်များသည် အဝါရောင်သဲ ပေါ်သို့တစ်ပြိုင်နက်ထွက်လာကြပြီး အိုအေစစ်တစ်ခုလုံးကို သိမ်းပိုက်လိုက် သည်။

"သေစမ်း များလိုက်တာ ဒီသခင်လေးရဲ့ မိုးကြိုးကျည်ကိုယူလိုက်" ဖက်တီးကျူသည် ကောင်းကင်တွင်အပြည့်ဖြစ်နေသော ရွှေကင်းမီးကောက် များကိုကြည့်ပြီး မိုးကြိုးကျည်ထုတ်ကာ ဝိဥာဉ်စွမ်းအင်ထည့်ပြီး ပစ်လိုက် သည်။

"ဘုန်း"

မိုးကြိုးကျည်ပေါက်ကွဲမှုသည် ရွှေကင်းမီးကောက်များကို တစ်စစီဖြစ် သွားစေသည်။

"ကောင်းလိုက်တဲ့အား" ထန်ယန်းသည် ပျက်စီးနေသော အကောင်သေ များကို ကြောင်စီစွာကြည့်ရင်း အော်လေသည် "ပျော်စရာကောင်းမယ့်ပုံပဲ ငါ လည်းတစ်ခုစမ်းကြည့်မယ်"

သူသည်လည်း မိုးကြိုးကျည်ထုတ်ကာ ဖက်တီးကျူကဲ့သို့ပင် ဝိဥာဉ် စွမ်းအင်ထည့်ပြီး ပစ်လိုက်သည်။

"ဘုန်း"

ရွှေကင်းမီးကောက်များ လေပေါ်တွင်ဝိုင်းလာသည်နှင့် နောက်မိုးကြိုး ကျည်တစ်လုံးနှင့် ပစ်မှန်လေသည်။ အလယ်တွင်ရှိနေသော အကောင်များ သည် အစိပ်စိပ်အမွှာမွှာဖြစ်ရာ အမြီးပင်မကျန်ခဲ့ပေ။

အလယ်ပိုင်းရှိအကောင်များ သေသွားသော်လည်း ဘေးဘက်ရှိ အကောင်များကျန်နေသေးသည်။ လုံးဝသေသွားသည်များလည်းရှိသည်။

"နှမြောဖို့ကောင်းလိုက်တာ" ဖက်တီးကျူသည် ရလဒ်ကို ဝမ်းနည်းစွာ ပြောလေသည်။ အမြီးလေးတော့ ကျန်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

"နှမြောဖို့အချိန်ရှိသေးတယ်လား မြန်မြန် အကိုက်ခံရမှ မငိုနဲ့" ဝူရန်ဖေ သည် ဖက်တီးကျူဘေးရပ်ကာ သူ့အားကြည့်လိုက်သည်။

"ငါသိပါတယ်" ဖက်တီးကျူ ပြန်ဖြေလေသည် "ဘယ်သူပိုသတ်နိုင်မလဲ ကြည့်ကြမလား ဘေဂုံ နင်ရော"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now