အပိုင်း (၈၀၅) - ဘယ်တစ်ခုက တည်ဆောက်မှုဗဟိုချက်လဲ

1.9K 247 5
                                    

Zawgyi


"ငါအများကြီးကိုသေအောင် မီးမြှိုက်ပြီးပြီ ဒါပေမဲ့ ဘယ်လောက်ကျန် သေးလဲဆိုတာ မသိတော့ဘူး" စူးရှောင်ရှောင်သည် အနံ့ရသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်လောက်ပဲကျန်ကျန် ငါတို့ခရီးကတော့ အေးဆေးပါ့မလားလို့" ရှီမာယူယူ ပြောလေသည် "သင်္ချိုင်းထဲမှာ တီကောင်ပဲရှိတာမဟုတ်ဘူး အထဲမှာတခြားဟာတွေအများကြီးမရှိဖို့ကိုမျှော်လင့်တယ်"

"ငါလည်း သံသယရှိတယ် အဲဒီတီကောင်တွေက အသက်ရှင်ဖို့တိကျတဲ့ အခြေအနေတစ်ခုလိုတယ်" ကျန်းကျူကျိ နိုးကြားနေသည်မှာ ရှားပါးသည်။ နီရဲနေသောမျက်လုံးများသည် ကြည်လင်တောက်ပလာသောအခါ ဆွဲဆောင် မှုရှိသည်။

"ခရမ်းရောင်နုံးမြေထဲမှာ သင်္ချိုင်းတွေအများကြီးရှိတယ် အကုန်လုံးက ဒီကမြေအနေအထားနဲ့ ဆက်စပ်နေတာ၊ ဒါပေမဲ့ ဒီမှာဆိုရင် ဗဟိုချက်က အကောင်းဆုံးနေရာပဲ" ရှီမာယူယူပြောလေသည် "ဒါပေမဲ့ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် အခုတော့ အဆိုးဆုံးနေရာပဲ"

"သင်္ချိုင်းမှာ တီကောင်တွေအများကြီးတွေ့တယ်၊ ဒါပေမဲ့ ဒီမှာက ချီဝိဥာဉ်ကြောင့် တခြားသတ္တဝါတွေကို ခက်ခက်ခဲခဲမွေးထုတ်နေရတယ်" ကျန်းကျူကျိ ပြောလေသည် "အဲဒီတံလျှပ်တီကောင် တွေက မူမမှန်ဘူး"

"စီနီယာ ဒီလောက်ယုံကြည်ချက်အပြည့်နဲ့ပြောနေတာ ဒါနဲ့ပတ်သတ်ပြီး ရင်းနှီးမှုရှိတာလား" ရှီမာယူယူသည် ခေါင်းမော့ကာ ကျန်းကျူကျိကို ကြည့်လိုက်သည်။

"ငါ နားလည်တယ်လို့ပြောလို့မရဘူး ဒါပေမဲ့ နည်းနည်းတော့သိတယ်" ကျန်းကျူကျိသည် ပြောရုံသာပြောလေသည်။

ရှီမာယူယူသည် သူ့အားကြည့်လိုက်သည်။ သူက ဒီလိုရှေးဟောင်းဂူ သင်္ချိုင်းတွေနဲ့ ပတ်သတ်ပြီး တရင်းတနှီးပြောနေသလို သူမ ဘာလို့ခံစား ရတာလဲ။

ဒါပေမဲ့ ဒီလူအမှန်ပဲပြောနေတာလား။ သူမပဲ မှားပြောမိနေတာလား။

"အထဲဆက်ဝင်ရအောင်" ကျန်းကျူကျိသည် အထဲမှ အခြေအနေကို ယုံကြည်ချက်ရှိသည့်ပုံ ပေါ်သည်။ သူသည် အနောက်တွင်လက်ကို ပစ်ထားကာ ယုံကြည်ချက်အပြည့်ဖြင့် လမ်းလျှောက်လေ သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now