အပိုင်း (၇၈၀) - မာနကြီးသော လျှပ်စီးလေး

1.9K 264 6
                                    

Zawgyi


ယူယူသည် ခန္ဓာကိုယ်အားသန်မှုလမ်းစဉ်ကို လျှောက်ခဲ့သည်ကို သူတို့သိသည်။ ထိုအကြောင်းအရင်းမှာ သူမသည် ခန္ဓာကိုယ်စွမ်းအင်မြင့် တင်ချင်၍ ဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။ သူမသည် ရှင်သန်ရန်အတွက် ထိုလမ်းကြောင်းလိုက်ခဲ့ရသည်ဟု သူတို့မထင်မိကြပေ။

"ငါ့ရဲ့သနားစရာကောင်းတဲ့ တပည့်လေး၊ ဒီလောက်များတဲ့လူငယ်တွေ ကြားမှာ မင်းကျမှဘာလို့ ဒီလို လာဖြစ်ရတာလဲ" ရှုဂျင်းသည် သူ့တပည့်အစား ဝမ်းနည်းလေသည်။

"တော်ပြီ မင်းမျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေမြင်နေရတယ်" ဟော်လန်သည် သူ့အပြုအမူအား မကြည့်နိုင်တော့သဖြင့် အော်လေသည်။

"ငါ နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ၊ ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ၊ ဝိဥာဉ်သခင်တွေဆိုတာလည်း အများကြီးပဲ တခြားမျိုးနွယ်တွေနဲ့ ကလေးရတဲ့ လူသားတွေဆိုတာလည်း များတာပဲ၊ ဒါမေပဲ့ သူ့ကျမှ အံ့ဖွယ် နတ်ဆိုး ခန္ဓာကိုယ်ရှိရတယ်လို့" ရှုဂျင်းသည် ဘဝင်မြင့်စွာပြောလေသည် "ငါက သူ့ကိုစိတ်ပူတာပဲ ဒါပေမဲ့ မိုရှား တောင် ရှင်သန်နိုင်သေးတာ် သူလည်း လုပ်နိုင်မယ်လို့ ငါယုံတယ်"

"ဒါပေမဲ့ သူဘယ်လိုလုပ်ခဲ့လဲဆိုတာကို ဘယ်သူမှမသိဘူး" ယွမ်ရှောင်ဂျီ ပြောလိုက်သည် "ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ဖတ်တဲ့စာအုပ်ထဲ မှာတောင်..."

"ဒါပေမဲ့ အဓိကအချက်ကိုပြန်သွားရအောင် သူအခုဘယ်လိုနေလဲ" ရှုဂျင်းသည် ရှီမာယူယူအား စိုးရိမ် စွာကြည့်လိုက်သည်။

"ငါလည်း ဘာမှမလုပ်နိုင်ဘူး" ယွမ်ရှောင်ဂျီ ပြောလိုက်သည် "သူ့ လက်ရှိအခြေအနေက သေဆုံးခြင်း ရောင်ဝါ ဝင်သွားလို့ဖြစ်တာ၊ အမှောင် ရောင်ဝါကလည်း သူ့ခန္ဓာကိုယ်ထဲမှာ ရှိပြီးသားဖြစ်နေတယ်၊ သူ့ခန္ဓာကိုယ် ကလုံးဝ အထိမခံနိုင်တဲ့အခြေအနေပဲ၊ ငါတို့ နည်းနည်းလောက် လုပ်လိုက်တာနဲ့ သေသွားမှာ၊ အဲဒါကြောင့် အခု ဘာမှမလုပ်သင့်ဘူး ငါတို့ လုပ်လိုက်မှ ပိုဆိုးသွားတာပဲရှိမယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now