အပိုင်း (၇၈၅) - လျှို့ဝှက်ချက်တစ်ခု

1.9K 256 1
                                    

Zawgyi


"အဲတော့ ယွမ်ယွမ်က ဘယ်လိုဖြစ်တာလဲ"

"ငါမမှားဘူးဆိုရင် သူမက ခရမ်းရောင်နုံးမြေထဲက တစ်ခုခုက တိုက် ခိုက်လိုက်တာပဲ" ရှဲရုန် ပြောလေသည်။

"ဝိဥာဉ်မိစ္ဆာလား၊ ဘယ်လိုဝိဥာဉ်မိစ္ဆာက ဒီလိုဖြစ်အောင်လုပ်မှာလဲ" ဒူရင်းသည် ခေတ္တမျှစဉ်းစားလေသည်။ မည်ကဲ့သို့ ဝိဥာဉ်မိစ္ဆာက ဒီလိုသက် ရောက်မှုလုပ်နိုင်သည်ကို သူမ စဉ်းစားမရသဖြင့် ရှုပ်ထွေးသွားသည်။

ရှီမာယူယူ မတ်တပ်ရပ်ကာ ပြောလိုက်သည် "တံလျှပ်တီကောင်၊ အဲလို တီကောင်က နှမ်းစေ့ထပ်သေးပြီး မျက်စိနဲ့မမြင်ရဘူး၊ သူက သတ္တု အမျိုးအစား ဝိဥာဉ်တီကောင်ပဲ အကိုက်ခံရတဲ့သူက စိတ်ကူးအတွေးထဲမြော ပြီး ဘယ်တော့မှမနိုးလာတော့ဘူး၊ အိပ်နေတယ်လို့ထင်ရတယ် စိတ်ကူး ထဲမှာတော့ အိမ်မက်လှလှလေးမက်နေ တာပဲ အကိုက်ခံရတဲ့သူက ပြုံးပဲပြုံး နေတာ သူမအိပ်နေတာ ဘယ်လောက်ကြာပြီလဲ"

"၁၀ရက်ရှိပြီ ဘာလို့လဲ"

"တံလျှပ်တီကောင်အကိုက်ခံရတဲ့သူက လတစ်ဝက်အတွင်းကို သတိ ပြန်ရမလာရင် ဘယ်တော့မှ နိုး လာတော့မှာမဟုတ်ဘူး၊ သူမ အဆင်ပြေ သေးတယ် အချိန်မကျော်သေးဘူး၊ သူမကို ကယ်လို့ရသေးတယ်" ရှီမာယူယူ ပြောလိုက်သည်။

"ဒါဆို မင်းသူမကို ကယ်နိုင်လား"

"အခုတော့ မလုပ်နိုင်သေးဘူး" ရှီမာယူယူ ခေါင်းရမ်းလိုက်သည် "ဒီလိုမျိုး ငါ့ခန္ဓာကိုယ်နဲ့ အပ်စိုက်တာ မလုပ်နိုင်သေးဘူး၊ သူမ အခြေအနေကို ဆရာ့ကိုပြောပြလိုက်ပါ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆရာတွေ သေချာ ပေါက် သိမှာပဲ၊ ဘာကြောင့်ဖြစ်မှန်းမသိလို့သာ ဒီလိုဖြစ်နေတာလေ"

"ဆရာက သူမကို မကုနိုင်ရင် ဘယ်လိုဖြစ်မှာလဲ" ရှဲရုန်သည် စိုးရိမ်စွာ ပြောလေသည်။

"သူမ ၄ရက်ကြာလို့မှ ဒီအတိုင်းဖြစ်နေရင် ငါ့ကိုထပ်လာရှာလိုက်၊ အဲအချိန်ကျရင် ကုလို့ရလောက်ပြီ" ရှီမာယူယူ ပြောလိုက်သည်။

"အိုခေ ဒီနေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်" ရှဲရုန် ပြော လေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now