Zawgyi
အပိုင်း (၈၁၉) – တင်းမာမှုမြင့်တက်ခြင်း
"စီနီယာအစ်ကိုကြီးက ခင်ဗျားနဲ့ရုပ်တူတယ်ဆိုပေမယ့် ခင်ဗျားက သူ့ကို မမှီဘူး" ရှီမာယူယူ သည် ကျန်းကျူကျိအား ကြည့်လိုက်သည်။
သူမသည် လက်မြှောက်ကာ ခရမ်းရောင်မီးတော်ကို ငြှိမ်းသက်လိုက် သည်။ တခြားမီးတောက် သုံးခုသည်လည်း အတူငြိမ်းသက်လိုက်ကြသည်။
"မင်းကဘယ်သူလဲ အဲဒါဘာမီးတောက်လဲ" ကျန်းကျူကျိသည် ရှီမာယူယူအား ကြည့်ပြီးနောက် ငြှိမ်းသက်လိုက်သော မီးတောက်ကို မယုံကြည်စွာ ကြည့်မိလေသည်။
သူ၏ အပြာရောင်မီ်းတောက်သည် ထိပ်တန်းအဆင့်၃၀ထဲဝင်သည်။ အဲဒါက သူမရဲ့ မီးတောက် လေးကို ရှုံးတာလား။
ရှီမာယူယူသည် ငှက်ပေါက်စကိုသိမ်းကာ ပြောလေသည် "ခင်ဗျားက ဘယ်သူလဲ ဘာလို့ ကျွန်တော့်မီးတောက်အကြောင်းကို ပြောပြရမှာလဲ"
သူပြောသည့်အတိုင်းပင် ပြောလိုက်သဖြင့် အရိုက်ခံရသကဲ့သို့ နီရဲသွားလေသည်။
ကျန်းကျူကျိ၏ မျက်နှာသည် နီရဲလာပြီး ဒေါသများစူပွက်လာသည်။ သူသည် သူမအား ပြဿနာရှာချင်သော်လည်း သူ့ဘေးမှ သတ်လတ်ပိုင်း အရွယ်လူတစ်ယောက်က တားလိုက်သည်။
"သခင်လေး ငါတို့လာရတဲ့အကြောင်းအရင်းကိုမမေ့နဲ့" ကျန်းချန်သည် သူ့အားသတိပေးလေသည်။
"ဟင်း" ကျန်းကျူကျိသည် အေးစက်စွာနှာမှုတ်ကာ ဆက်မတိုက် တော့ပေ။
မုန့်စန်းချွယ်သည် သူငြိမ်ကျသွားသည်အထိစောင့်ကာ ပြောလေသည် "မင်းတို့ပြန်လာပြီလား ခရမ်းရောင်နုံးမြေမှာဖြစ်ခဲ့တာတွေကို ကျောင်းအုပ်ဖန် က ငါ့ကိုပြောပြီးသွားပြီ၊ ဒီတစ်ခါတော့ အန္တရာယ် အကြီးကြီးကို ရှောင်နိုင်တဲ့ အတွက် မင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်"
"ကျွန်မတို့သွားမှတော့ အကောင်းဆုံးလုပ်ရမှာပဲ" ဟန့်မြောင်ရွှမ် ပြောလိုက်သည် "အဲလူတွေက ဘယ်အင်အားစုကလူတွေလဲဆိုတာ ဂိုဏ်းက သိပြီလားလို့ သိချင်လို့ပါ"

YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5
AdventureBook-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...