Zawgyi
အပိုင်း (၇၄၅) – ထူးဆန်းသောအနီရောင်တောင်ထိပ်
အနီရောင်တောင်ထိပ်ဟု ကြိုးကြာနီဘုရင်ကြားသည်နှင့် မျက်နှာ အမူအရာပြောင်းသွားပြီး မသိမသာ တုန်ယင်နေသည်။
"သခင်လေးက အနီရောင်တောင်ထပ်ကိုသွားမလို့လား"
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
အနီရောင်တောင်ထိပ်တွင်ဖြစ်ခဲ့သော ထူးဆန်းသော နောက်ဆုံး အဖြစ်အပျက်ကို စုံစမ်းရမည်မှာ ဒီတစ်ခေါက် သူတို့၏ နောက်ဆုံးမစ်ရှင် ဖြစ်သည်။
"သခင်လေး မသွားသင့်ဘူး" ကြိုးကြာနီဘုရင် ဟန့်တားလေသည်။
"ဘာလို့လဲ" ဖက်တီးကျူမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ထူးဆန်းပြီး အန္တရာယ်များတယ်" ကြိုးကြာနီဘုရင် ပြန်ဖြေလိုက်သည်။
"အဲဒီမှာဘာတွေဖြစ်နေလဲဆိုတာ ငါတို့သွားကြည့်မလို့" ရှီမာယူယူ ပြောလိုက်သည် "ငါတို့မပြန်ခင် ထူးဆန်းတဲ့အဖြစ်အပျက်ကို စုံစမ်းရမှာ ငါတို့မစ်ရှင်ပဲ"
"ငြင်းလို့မရဘူးလား" ကြိုးကြာနီဘုရင်သည် ထိုသို့ပြောပြီးမှ ပြောရန် မသင့်တော်ဟု အမှတ်ရသွားသည်။ သူ ရှင်းပြလေသည် "အနီရောင် တောင်ထိပ်က ဒီကနေတော်တော်ဝေးတယ်၊ ကျွန်တော်တို့လည်း အရင်က မကြားဖူးဘူး၊ ဒါပေမဲ့ အဲတောင်ထိပ်ဘယ်နေရာရှိတယ်ဆိုတာ အလယ်ပိုင်း နယ်ပယ်တွေမှာ သိတဲ့လူမရှိလောက်ဘူး"
"အဲဒီမှာဘာတွေထူးဆန်းနေလဲဆိုတာ သိလား" ရှီမာယူယူသည် သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ကျွန်တော်ကတော့ ကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ရတယ်" ကြိုးကြာ နီဘုရင် ပြန်ဖြေလေသည် "လွန်ခဲ့တဲ့ လပိုင်းလောက်က ကျွန်တော်အပြင်မှာ ခရီးလှည့်သွားနေတုန်းက အနီရောင်တောင်ထိပ်နားက တောင်ကို ရောက်သွားတယ်၊ အနီရောင်တောင်ထိပ်မှာ ထူးဆန်းတာတွေဖြစ်နေလို့ စုံစမ်းဖို့သွားမယ်လို့ လူတစ်စုပြောတာ ကိုကြားခဲ့ရတယ်၊ နောက်လတစ်ဝက် ကြာတော့ လူတစ်ယောက်ပဲပြန်လာနိုင်တယ်၊ အဲလူကလည်း သွေးတွေ ချည်းပဲ မျက်လုံးတွေလည်းယောင်ကိုင်းနေတာ၊ ပြီးတော့ သူနဲ့ပါသွား တဲ့လူတွေကိုမေးကြည့်တော့ အကုန်သေကုန်ပြီတဲ့ အသတ်ခံလိုက်ရတယ် တဲ့၊ အဲလူလည်း ရူးသွားတယ်"

YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5
AdventureBook-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...