အပိုင်း (၇၂၅) - လေဟာပြင်ပျက်ပြယ်မှု

2.2K 257 0
                                    

Zawgyi


ဟာစွန်သည် ရှီမာယူယူအား ခေါင်းညိမ့်ပြလိုက်သည်။ သူသည် လက်များကို ရိုက်ခတ်ကာ အပြင်သို့ပျံသွားပြီး ဝိဥာဉ်အတားအဆီးကို တိုက်ခိုက်လေသည်။ မူလက မတည်ငြိမ်သော ဝိဥာဉ်အတားအဆီးသည် ပြန် လွှမ်းမိုးနိုင်ကာ တည်ငြိမ်သွားလေသည်။

"အာ...."

ထို့နောက်တွင် သူမြေပေါ် ဒူးထောက်လျက်သားကျလေသည်။ သူ ရင်ဘတ်ပေါ်လက်ဖိကာ ပါးစပ် ထောင့်မှ သွေးများစီးကျလာသည်။

"ဟာစွန် အဆင်ပြေရဲ့လား" တည်ဆောက်မှုကို စွမ်းအင် ထည့်ပြီးသွားသော တုလေးနှင့် ရှောင်ချီသည် အပြေးလာကာ သူ့အားထူ ပေးလေသည်။

"ဟာစွန် ဒဏ်ရာရသွားတာလား"

ဟာစွန်သည် လက်ရမ်းကာ "ငါအဆင်ပြောတယ်၊ ငါ့လက်ရှိအားနဲ့ ဒီအကွက်ကိုလုပ်ဖို့ ခက်သွားတာ လောက်ပဲ"

ရှီမာယူယူသည် သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထား မိသည်။ သို့သော် သူမသည် တည်ဆောက်မှုလုပ်နေခြင်းနှင့် အလုပ်များ နေကာ သူ့ကိုစစ်ဆေးရန်အချိန်မရှိပေ။ သူမသည် ဆေးတစ်လုံးထုတ် ကာ ပစ်ပေးလိုက်သည်။ တုလေးဖမ်းပြီးနောက် ချက်ချင်းပင် သူ့ကို တိုက်လိုက်သည်။

ဟာစွန်သည် ဆေးသောက်ပြီးနောက် ကောင်းလာကာ ထလိုက်သည်။ "ဒီလေဟာပြင်ပုံပျက်တာက တခြားဟာတွေနဲ့မတူဘူး၊ ဒါက ဝိဥာဉ် အတားအဆီးအပြင်ဘက်က လေဟာပြင်ကိုပဲ ပျက်အောင်လုပ်လို့ရတယ်၊ အဲဒါကြောင့် သူတို့ တိုက်ချက်က ဝိဥာဉ်အတားအဆီးကို တိုက်ရိုက် မထိတာပဲ၊ ဒါပေမဲ့ အကြာကြီးခံနိုင်မှာတော့မဟုတ်ပဲ၊ အချိန်ကျရင်တော့ ဝိဥာဉ်အတားအဆီးပေါ်ကျလာဖို့ဖြစ်လာမှာပဲ"

ရှီမာယူယူ၏ တည်ဆောက်မှုကျောက်တုံးများသည် မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခုနေရာချပြီးဖြစ်ကာ ပုံစံများကို တစ်ချိန်တည်းပင် ဆွဲပြီးသား ဖြစ်လေသည်။ များစွာသော နည်းလမ်းများကို မျက်စိတစ်မှတ်အတွင်း လုပ်ပြီး လေသည်။

တစ်ချိန်တည်းမှာပင် အပြင်မှလူများသည် တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now