အပိုင်း (၉၂၀) - အပေးအယူလုပ်ခြင်း

1.7K 234 0
                                    

Zawgyi


ထိုစကားကြားသောအခါ ကျုံရင်း၏ မျက်လုံးများ ပြောင်းသွားသည်။

"ကျွန်တော်သိပါတယ် ကိုးလှည့်နှင်းပိုးကောင်တွေက အချိန်တိုင်းမှာ အလှည့်တိုးဖို့ လိုတယ်ဆိုတာ အလှည့်တစ်ခုတိုင်းမှာ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတစ်ခုထပ်တိုးတယ်" ရှီမာယူယူ ဆက်ပြောလေသည် "ဒါပေမဲ့ အလှည့်တစ်ခုစီတိုင်းက နှင်းပိုးကောင်တွေအတွက် ခက်တယ်၊ အစပိုင်းတွေ မှာ အဆင်ပြေပေမဲ့ ငါးလှည့်ပြီးသွားရင်တော့ နောက်ပိုင်းကခက်လာတယ် အလှည့်တွေကိုအောင်မြင်ဖို့အတွက် နှင်းကြာပန်းကကူညီပေးနိုင်တယ်၊ ဒါပေမဲ့ ပမာဏကနည်းတယ်၊ ခင်ဗျားတို့အတွက်က နှင်းကြာပန်းရဖို့ခက် တယ်၊ ပြီးတော့ ခင်ဗျားတို့က အပြင်ထွက်တာနည်းတယ် ဟုတ်တယ်မလား"

"လူသားတွေမှာ တကယ်ပဲ အတွေးတွေအများကြီးရှိတာပဲ" ကျုံရင်း သည် အသံဖျော့ဖျော့ဖြင့်ပြောရာ ပျော်၍ပြောသည်လား ဒေါသဖြင့်ပြောသည် လားမသိနိုင်ပေ။

"နှင်းကြာပန်းကတန်ဖိုးကြီးတယ် ကျွန်တော်တို့တောင် အများကြီး မစား နိုင်ဘူး" ရှီမာယူယူပြောရာ ဝိညာဉ်စေတီအတွင်းမှ ဝိညာဉ်လေးသည် မျက်လုံးလှန်မိလေသည်။

သူမကို အနှောင့်အယှက်မပေးရန် သူမ စိတ်ထဲမှပြောပြီး ဆက်ပြော လေသည် "ပြီးတော့ ခင်ဗျားကနှင်းကြာပန်းစားလိုက်ရင်တောင် အောင်မြင်ဖို့ မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ဒီဆေးကတော့ တခြားတန်ဖိုးရှိတဲ့ဆေးတွေထပ် ထည့်ထားတော့ ၁၀၀ရာခိုင်နှုန်းအောင်မြင်မယ်လို့ ကျွန်တော်အာမခံနိုင် တယ်၊ ခင်ဗျားစမ်းကြည့်လို့ရပါတယ်"

"စမ်းကြည့်ရမယ်ဟုတ်လား"

"ဒီဆေးက ခင်ဗျားအတွက် လက်ဆောင်ပါ၊ တွေ့ဆုံခြင်းအတွက် လက်ဆောင်လို့ မှတ်ယူလိုက်ပါ၊ အလှည့်လုပ်ဖို့ဆက်တိုက်ကျရှုံးနေတဲ့သူကို ရှာပြီး စမ်းကြည့်ပြီး ရလဒ်ကိုစောင့်ကြည့်လိုက်ပါ" ရှီမာယူယူဆက်ပြောလေ သည် "ကျွန်တော်ဒီမှာရှိတယ် တစ်ခုခုဖြစ်တယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါ ဘူး၊ ကျွန်တော်ဖြေရှင်းချက်ပေးမှာမဟုတ်ဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now