အပိုင်း (၈၂၉) - ရှောင်ချီနိုးထခြင်း

1.9K 265 1
                                    

Zawgyi


ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် "တွေ့ဆုံပွဲ၃ခု ပြီးတာနဲ့ သွားစမ်း ကြည့်ကြတာပေါ့"

"ဟုတ်သားပဲ မင်း ပြိုင်ပွဲ၃ခုကို ဝင်ပြိုင်ရဦးမှာပဲ" ဟန့်မြောင်ရွှမ်သည် သူမ နဖူးကိုရိုက်လိုက်သည် "ဒီလိုလုပ်ပါလား မင်ပြိုင်နေတဲ့အချိန်ကို ငါတို့ မထွက်လာတော့ဘူး အဲအချိန်ကို ရှေးဟောင်းဆေး နည်းကို ငါတို့လေ့လာ ထားလိုက်မယ်၊ မင်းပြိုင်မယ့်အလှည့်ကျ ငါတို့်လာကြည့်မယ် အဲလိုဆိုရင်ရော"

ရှီမာယူယူသည် စူးရှောင်ရှောင်ကိုကြည့်လိုက်သည်။ သူ မငြင်းဆန် သည်ကိုတွေ့သောအခါ ပြောလေသည် "ကောင်းပြီလေ တစ်ခုခုလိုတာရှိရင် ခေါ်လိုက်ပါ ကျွန်တော်ကြားပါတယ်"

သူတို့ကိုထိုနေရာတွင် နေစေပြီး ရှေးဟောင်းဆေးနည်းများလေ့လာ ကာ သန့်စင်မှုကို လေ့ကျင့်ခြင်းသည် အပြင်တွင် အဓိပ္ပာယ်မရှိထိုင်းမှိုင်း နေသည်ထက် အများကြီးပိုကောင်းသည်။

ထို့အပြင် သူမတွင် ထိုဆေးပင်များ နည်းပါးခြင်းမရှိပေ။ ဝိဥာဉ်စေတီ အတွင်းတွင် မျိုးစုံသော ဆေးပင်များရှိသေးသည်။

သူတို့ကို ကစားခွင့်လည်းပေးနိုင်သည်။

သူမတစ်ယောက်တည်းထွက်လာပြီး ဝိဥာဉ်စေတီအတွင်းသွားကာ ရှောင်ချီဆီသွားလည်လေသည်။

ရှောင်ချီသည် လက်ရှိတွင် အဖြူရောင်လှောင်အိမ်အတွင်းရှိကာ ဖက်တီးကျူနှင့် တခြားသူများ သည် သူမဘေးတွင် ကျင့်ကြံနေကြသည်။ သူတို့တစ်ယောက်ချင်းစီတွင် ကာကွယ်ရေး အတားအဆီးရှိ ပြီး တခြားသူများ အနှောင့်အယှက်ပေးလာမည်ကို ကြောက်ရန်မလိုကြပေ။

သူမ လာသည်ကိုအာရုံခံမိသည်နှင့် ရှီမာယူလင်း မျက်လုံးဖွင့်လိုက် သည် "လာပြီလား"

"အင်း ရှောင်ချီအဆင့်တက်တာကို လာကြည့်တာ" ရှီမာယူယူ ပြောလိုက်သည် "မင်းတို့ ကျင့်ကြံတာရော ဘယ်လိုလဲ"

"အဆင့်တက်ဖို့တော့နီးလာပြီ၊ ငါအပြင်ရောက်တာနဲ့ အဆင့်တက်နိုင် တယ်" ရှီမာယူလင်း ပြော လိုက်သည် "ရှောင်ချီက ကျင့်စဉ်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ၊ ပြီးတော့ ငါတို့က သူမဘေးမှာ ရှိတာနဲ့တင် ငါတို့ရဲ့ကျင့်စဉ်အရှိန် အများကြီးတက်လာတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now