Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)

13.3K 1.2K 25
                                    

Unicode

ထန်းဟော်ရှတစ်ယောက် မကျေမနပ်ဖြစ်နေသည့်မျက်နှာဖြင့် သူရှေ့မှာရပ်နေသည့်ရှအန်းထျန်းကို စိုက်ကြည့်လိုက်သည်။ကြောက်ပေမယ့် သူ့ကိစ္စတွေကို ဝင်ရောက်ဖက်စွတ်သည်ကို ထန်းဟော်ရှမကြိုက်ပေ၊အခုလည်း သူနဲ့စေ့စပ်ထားသည့်ကျောင်းသူလေးနဲ့ စကားပြောနေတုန်း ရောက်လာကာ ဆွဲခေါ်သွားခြင်းဖြစ်သည်။ဘေးကကျောင်းသူတွေရဲ့ အံ့သြကာ သံသယဝင်သွားသည့်မျက်ဝန်းတွေကြောင့် သူစိတ်ပူသွားတာ အမှန်ပေ၊ ဒါကြောင့် ရှအန်းထျန်းကို အရမ်းဒေါသထွက်နေတာ အမှန်ပေ၊ဖြစ်နိုင်ရင် ဆွဲထိုးချင်စိတ်ပင်ပေါက်သည်။

"ရှအန်းထျန်း! ငါ ရှင်းရှင်းလင်းလင်း ပြောပြီးသားနော် ဘာကြောင့် ငါ့ကို လိုက်နှောက်ယှက်နေတာလဲ"

"မင်း ဘာကြောင့် အဲ့မိန်းမနဲ့ ပတ်သတ်နေရတာလဲ" ရှအန်းထျန်းဟာ သူမေးသည်ကို မဖြေပဲ မဆိုင်သည့်မေးခွန်းမေးလာတာကြောင့် သူဒေါသထွက်သွားတော့သည်။

"သူက တစ်ချိန်ချိန်မှာ ထန်းအိမ်တော်ရဲ့ချွေးမဖြစ်လာမဲ့မိန်းကလေး! ငါနဲ့သက်ဆိုင်တဲ့အမျိုးသမီးတစ်ယောက်ကို ပတ်သတ်တာ! မင်းနဲ့ဆိုင်လို့လား"

"ထန်းဟော်ရှ ကိုယ့်စိတ်ကို လာမဆွနဲ့!" ရှအန်းထျန်းဟာ ထန်းဟော်ရှကို ပခုံးကနေဖိကာ နံရံဘက်ကို အတင်းကပ်လိုက်ပြီး မေးရိုးကို ဖျစ်ညှစ်ကာ အံကြိတ်ကာ ပြောလာတော့သည်။ထန်းဟော်ရှလည်း နာကျင်သွားတာကြောင့် မျက်နှာရှုံ့သွားကာ ပြန်အော်လိုက်ချင်ပေမယ့် သူ့ကို စိုက်ကြည့်နေသည့် ကြောက်စရာကောင်းသည့်မျက်လုံးများကြောင့် သူပါးစပ်ပိတ်လိုက်တော့သည်။

"ဟော်ရှ မင်းက ငါ့အပိုင်ဆိုတာ မမေ့နဲ့" ရှအန်းထျန်းဟာ သူ့ကို စိုက်ကြည့်ကာ ထပ်ပြောလာတာကြောင့် သူလက်မခံနိုင်ဖြစ်သွားတော့သည်။ဘာကြောင့် ငါက သူ့အပိုင်ဖြစ်ရမှာလဲ၊ဒါပေမယ့် သူပြန်မပြောရဲတာကြောင့် ငြင်းဆန်သည့်အနေနဲ့ ရှအန်းထျန်းရဲ့အကြည့်တွေကို ရှောင်ရန် မျက်နှာကိုလွဲလိုက်သည်။

ဒါပေမယ့် ရှအန်းထျန်းဟာ သူ့ရဲ့မျက်နှာကို ပြန်ဆွဲကာ လက်ငါးလုံးချောင်းအကွာအဝေးထိ သူ့မျက်နှာနားကပ်လာကာ

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now